ကျောက်တိုင်တိုက်နယ် ဆေးရုံတွင် အထူးကုသမားတော်များ အခမဲ့ လာရောက် ကုသ

မင်းတုန်း ၁၅  ဇန်နဝါရီ 


သရက်ခရိုင် မင်းတုန်းမြို့နယ် ကျောက်တိုင်ကျေးရွာ တိုက်နယ်ဆေးရုံသို့ ယနေ့နံ နက် ၁၀ နာရီတွင် အထွေထွေရောဂါကု သမားတော် ဒေါက်တာမြင့်မြတ်မွန်၊ ဒေါက်တာတင်မြင့်၊ ဒေါက်တာယဉ်ဖြူလွင်၊ ကလေးအထူးကု ဒေါက်တာခင်ခင်လှ၊ ဒေါက်တာ မောင်မောင်ကြိုင် နှင့် Dr.Steven Wong၊ မြို့နယ်ဆရာဝန် ဒေါက်တာ ထွန်းလင်းအောင်နှင့် ကျောက်တိုင်တိုက်နယ် ဆရာဝန် ဒေါက်တာ မျိုးကိုကိုဇင်တို့မှ အခမဲ့ဆေးဝါးကုသ ပေးခဲ့ကြသည်။


အဆိုပါ အထူးကုသမားတော်များသည် အမေရိကန် New York မြို့တွင် တာဝန် ထမ်းဆောင်ကြပြီး ကျန်မားရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညိုတို့၏ အစီအစဉ်ဖြင့် လာရောက်ကုသခြင်းဖြစ်ပြီး လာရောက်ကုသသူ ၇၀ဝ ခန့်ရှိကြောင်း သိရသည်။


ချင်းကလေး(မင်းတုန်း)