ကောင်းစွာပြင်ဆင် အောင်ပွဲဝင်

mdn

သတင်းဆောင်းပါး - ဒေါက်တာမြင့်သန်း(ညောင်လေးပင်)

 

နွေဦးရာသီဟာ စာမေးပွဲရာသီဖြစ်ပါတယ်။ တစ်နိုင်ငံလုံးကကျောင်းတွေရဲ့ စာမေးပွဲ ကာလဖြစ်ပါတယ်။ ထက်၊ လယ်၊ မူလတန်းများအပြင် အရေးကြီးတဲ့ ဆယ်တန်း စာမေးပွဲလည်းရှိတာမို့ ကျောင်းသားငယ်များ၊ ဆရာ ဆရာမများ၊ မိဘများအတွက် အထူးအရေးကြီးတဲ့အချိန်ဖြစ်ပါတယ်။ တစ်နှစ်လုံးကြိုးစားခဲ့ရသမျှ စာမေးပွဲကာလ မှာ ကျန်းမာရေး၊ စိတ်ဖိစီးမှု စသည်ဖြင့် တစ်ခုခုကြောင့် အနှောင့်အယှက်ဖြစ်သွားမှာ အထူးစိုးရိမ်မိပါတယ်။ ကျောင်းသားငယ်လေးတွေဟာ ဖြူစင်ကြ၊ နူးညံ့ကြတာမို့ ပန်းကလေးတွေနဲ့ တူပါတယ်။ သူတို့ကို နူးညံ့ပါးနပ်စွာ ကိုင်တွယ်ကြဖို့ လိုပါတယ်။ (Fail to plan is a plan to fail.)။ အလုပ်တစ်ခုကို စနစ်တကျကြိုတင်မစီမံထား ရင် အဲဒီအလုပ်ဟာ မအောင်မြင်နိုင်ပါဘူး။ စာမေးပွဲဟာ အရေးကြီးတဲ့အလုပ်၊ ဘဝ အတွက်ပါ အဆုံးအဖြတ်ပေးနိုင်တဲ့အလုပ်မို့ စနစ်တကျကြိုတင်စီမံထားဖို့ တိုက်တွန်းလိုပါတယ်။ စာမေးအတွက် ပြင်ဆင်ထားသင့်ပုံများကိုလည်း တင်ပြလိုပါတယ်။ 

 

လိုအပ်သည်များကို ကြိုတင်စုစည်းပြင်ဆင်ထားပါ (Organize)

 

mdn

 

စာမေးပွဲဝင်ခွင့်ကတ်၊ စာရေးကိရိယာ၊ နာရီ၊ ပေတံ၊ စာဖျက် စသည်တို့ကို ပြည့်စုံ စွာ စုဆောင်းပြင်ဆင်ထားပါ။ ဒါဟာ ဘာများအရေးကြီးလို့လဲလို့ ထင်ရင်ထင်ကြ လိမ့်မယ်။ စာမေးပွဲခန်းထဲရောက်လို့ တစ်ခုခုမပါလာ ရင်ဖြစ်ဖြစ်၊ စာမေးပွဲခန်းထဲဝင် ခါနီးအချိန်မှာဖြစ်ဖြစ် လိုတာမပါလာရင် ကြီးစွာသော စိတ်အနှောင့်အယှက် ဖြစ်နိုင် ပါတယ်။ လက်တွေ့ ကြုံဖူးကြသူများ ရှိပါတယ်။ စိတ်အေးချမ်းသာ ယုံကြည်မှုရှိစွာနဲ့ စာမေးပွဲခန်းထဲ ဝင်ရောက်ပါ။

 

 အစားအစာ (Diet)

mdn

 

အစာမစားဘဲနဲ့လည်း စာမေးပွဲခန်းထဲ မဝင်သင့်သလို ဗိုက်ဖောင်းနေအောင်စား ပြီးတော့လည်း မဝင်ပါနဲ့။ ကိုယ်၊ စိတ်အင်အားတွေကို အပြည့်အဝအသုံးချရတာမို့ ခွန်အားရှိစေတဲ့ အစားအစာတွေကို သင့်တင့်စွာစားသုံးဖို့လိုပါတယ်။ အစာအိမ် ပြည့်တင်းနေရုံမက ဆီကြော်စာ၊ နို့တွေ၊ မလိုင်တွေ၊ ဥတွေ စသည်ဖြင့် အစာခြေ ခက်တာတွေ စားလိုက်ရင် ငိုက်မြည်းလာနိုင်သလို အစာအိမ်မှာ အစာမရှိရင်လည်း အာရုံစူးစိုက်မှု မရနိုင်တော့ပါဘူး။ သစ်သီးနဲ့ အသားများဟာ စွမ်းအင်အတွက် အထူးသင့်လျော်ပါတယ်။ ငါး၊ အသား၊ သစ်သီးအချို့ကို ထမင်းအသင့်အတင့်နဲ့ စားနိုင်ပါတယ်။ ရေသန့်ဘူးဆောင်သွားပြီး ရေသောက်နိုင်ပါတယ်။ ရေဓာတ်နည်း နေရင်လည်း အနှောင့်အယှက်ဖြစ်ပါတယ်။ စာမေးပွဲရာသီမှာ စိတ်ဖိစီးမှုများပြီး ကိုယ်ခံအားလည်း ကျဆင်းတတ်တာမို့ ကူးစက်ရောဂါတွေ ရလွယ်ပါတယ်။ ဒါ ကြောင့် အပြင်ထွက်စားသောက်တာမျိုးထက် ကိုယ့်အိမ်မှာပဲ စားသောက်ကျွေး မွေးသင့်ပါတယ်။

 

 ကိုယ်စိတ်ပြေလျော့နေပါစေ (Relax)

 

mdn

စာမေးပွဲခန်းမဝင်မီ တစ်နာရီအလိုဟာ ဦးနှောက်ကိုအနားပေးထားရမယ့် အချိန်ပါ။ ဦးနှောက်မှာ ဝန်ထုပ်ဝန်ပိုးမဖြစ်စေရအောင် အချက်အလက်တွေ ထပ်မထည့် ပါနဲ့တော့။ ကိုယ်လေ့လာမှတ်သား ထားသမျှတွေကသာ ကိုယ့်အတွက် အကောင်းဆုံးဖြေပေးနိုင်တာမို့ သူတို့ကို လိုသလိုထုတ်သုံးနိုင်ဖို့ စိတ်ကိုအေးအေးထား၊ အသက် ဝ၀ရှူပြီး အနားပေးပါ။ စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်းစေမယ့် မည်သည့်အပြု အမူမျိုးကိုမှ မလုပ်မိ၊ မဆက်စပ်မိပါနဲ့။ (ကမ္ဘာ့ဖလားပွဲ-အမျိုးသမီးနောက်ဆုံး ဗိုလ်လုပွဲရဲ ့ ပယ်နယ်တီ အဆုံးအဖြတ် ကန်ရပါတယ်။ အမေရိကန်နဲ့ ဂျပန်တို့ ဖြစ်ပါတယ်။ ဂျပန်ရဲ့ နည်းပြဟာ ကန်မယ့်သူတွေကို ဘယ်လိုကန်ရမယ်ဆိုတာ လုံးဝမပြောဘဲ ရယ်စရာ တွေသာ ပြောတယ်။ ကန်ကြတော့ ဂျပန်မလေးတွေ အနိုင်ရကြပါတယ်)။

 

စာမေးပွဲအတွက် အကောင်းဆုံးပြင်ဆင်ထားသူတစ်ယောက်ကို စာမေးပွဲက ဘယ်လိုမှ မဟန့်တားနိုင်ပါဘူး။ မိမိကိုယ်တိုင်ရဲ့ လွဲချော်ပြုမူမှုတစ်ခုခုကသာ မိမိကို ဒုက္ခပေးနိုင်တာပါ။ ဟိုး နှစ်စကတည်းက မှန်မှန်ပြင်ဆင်လာဖို့လိုပါတယ်။ 

 

စီမံထားပါ (Plan)

 

ကိုယ့်လက်ထဲကို မေးခွန်းစာရွက်ရောက်တာနဲ့ မေးထားတာတွေကို သေသေ ချာချာဖတ်ပါ။ ကိုယ်ဘယ်လို ဘယ်နေရာကနေ ဖြေမယ်ဆိုတဲ့ ဏူညေ ချလိုက်ပါ။ စာမေးပွဲနည်းဗျူဟာတစ်ခုကို ချမှတ်တာပါပဲ။ မိမိရင်းရမယ့် အချိန်အတွင်းမှာ အထိရောက်ဆုံး ဖြေဆိုနိုင်မှသာ အမှတ်တွေ လှိမ့်ဝင်လာပါလိမ့်မယ်။ ကိုယ်အပိုင်ဆုံး မေးခွန်းဟာ ကိုယ့်ကို အမှတ်အများဆုံးပေးမယ့် မိတ်ဆွေကြီးပါပဲ။ ပြီးတော့ မေးခွန်းတစ်ခုကို ကောင်းကောင်းဖြေနိုင်လေ မိမိကိုယ်ကို ယုံကြည်မှု တိုးလာလေပါပဲ။ ကိုယ်လိုချင်တဲ့အချက်တွေကို အချိန်နဲ့ တစ်ပြေးညီထုတ်ပေးတဲ့ ကိုယ့်ဦးနှောက်ကိုလည်း စိတ်ထဲကနေ ချီးမွမ်းလိုက်စမ်းပါ။ ဦးနှောက်ကလည်း မိမိ လိုတာတွေကို ဆက်ထုတ်ပေးပါလိမ့်မယ်။ 

 

မရလို့ တောက်တစ်ခေါက်ခေါက်ဖြစ်နေလေ၊ ခေါင်းက အလုပ်မလုပ်တော့လေ ဖြစ်လာတတ်ပါတယ်။ မိမိ မလေ့လာ မကျက်မှတ်ထားတာတွေကိုလည်း အချိန်ကပ် နေမှ အတင်းသွတ်သွင်းမနေပါနဲ့။ ကိုယ့်ဦးနှောက်ကို အနှောင့်အယှက်ပေးနိုင်ပါ တယ်။ အင်ဂျင်ပူနေတဲ့ကား တစ်စီးဟာ မရုန်းနိုင်တော့ပါဘူး။ 

 

ပြန်လည်စစ်ဆေးပါ (Cross-check) 

 

mdn

 

စာဖြေချိန်ရဲ့နောက်ဆုံး ၁၅ မိနစ်ကို ဖြေပြီးသားတွေပြန်လည်စစ်ဆေးဖို့ စီစဉ် ထားပါ။ ဒါဟာ အင်မတန်အရေးကြီးပါတယ်။ မိမိအပင်ပန်းခံခဲ့ရသမျှတွေကို အမှား တစ်ခုခု စွန်းမသွားစေဖို့ပါ။ မလိုအပ်တဲ့အမှားတွေ၊ လိုအပ်ချက်တွေ မလွဲမသွေ ရှိနေတတ်ပါတယ်။ တွေ့ရင် အချိန်မီပြင်နိုင်ပါတယ်။ မိမိအတွက် တန်ဖိုးအများဆုံးအချိန် မို့ သတိရှိရှိနဲ့ သည်းခံပြီး စစ်ဆေးပါ။ 

 

မေ့ပစ်ပါ (Forget) 

mdn

 

ရက်ပေါင်း ၂၀ဝ လောက် သင်ကြားခဲ့တာကို ၂ နာရီ၊ ၃ နာရီလောက်အတွင်းမှာ အပြီးသတ်ဖြေရတာပါ။ မိမိအဖြေလွှာကို အပ်လိုက်ပြီးတာနဲ့ အဖြေလွှာအပေါ်မှာ မိမိက ဘာမှမလုပ်နိုင်တော့ပါဘူး။ သက်ဆိုင်ရာကသာ လိုအပ်သလို ဆက်လက် ဆောင်ရွက်သွားပါလိမ့်မယ်။ ဒီအဖြေလွှာနဲ့ပတ်သက်ပြီး စိုးရိမ်စိတ်တွေ၊ သောက တွေ ဖြစ်နေမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ဒုက္ခပေးသလို ဖြစ်ပါလိမ့်မယ်။ သူငယ်ချင်း

 

တစ်ယောက်ယောက်ကပြောလိုက်တဲ့ အကြောင်းအရာတစ်ခုခုကို စိတ်ထဲစွဲမိရင် မပြီး နိုင်တော့တဲ့ စိတ်ဖိစီးမှုတွေ တွေ့ ကြုံရမှာအမှန်ပါပဲ။ စာမေးပွဲခန်းထဲက ပေါ့ပါးစွာ ထွက်လာပါ။ 

 

ပညာနဲ့ စာမေးပွဲ 

 

စာမေးပွဲမှာ လူတိုင်း မိမိရဲ့အရည်အချင်းကို အကောင်းဆုံး အသုံးချကြတာပါပဲ။ မိမိရဲ့မှားယွင်းမှု တစ်စုံ တစ်ရာဖြစ်ခဲ့ရင်လည်း နောက်စာမေးပွဲတွေအတွက် သင်ခန်း စာလို့ သဘောထားသင့်ပါတယ်။ စာမေးပွဲတွေက မဆုံးနိုင်အောင် ဆက်တိုက်လာ နေဦးမှာပါ။ ဘဝစာမေးပွဲတွေကို ရင်ဆိုင်တတ်ဖို့ ပညာသင်ကြရတယ်ဆိုတာ မှတ်ထားပါ။ 

 

ပညာရေးမှာ Theory X ဆိုတာ ရှိပါတယ်။ ကျောင်းသား ကျောင်းကိုလာတာ ပုံးလွတ်တစ်ခုကို ယူလာတယ်။ ကျောင်းကဆရာက အဲဒီပုံးထဲကို ပညာတွေထည့်ပေး တယ်။ ကျောင်းသားက များများယူတတ်ရင် များများရတယ်။ နည်းနည်းပဲယူတဲ့သူက နည်းနည်းပဲရတယ်။ ကျောင်းသားက အဲဒီပုံးကိုခေါင်းပေါ်ရွက်ပြီး ဘဝဆိုတဲ့အိမ်ကြီး ဆီ ပြန်သွားတယ်။ ဘဝမှာ ပုံးထဲက ပညာတွေကို လိမ္မာပါးနပ်စွာ သုံးတတ်သူတွေဟာ အောင်မြင်သွားကြတယ်။ 

 

စာမေးပွဲဆိုတာ ကိုယ့်ကို အရောင်တင်ပေးတဲ့ဖြစ်စဉ်သာ ဖြစ်တယ်။ စာမေးပွဲအတွက် ကောင်းစွာပြင်ဆင် ထားနိုင်လေ၊ ကောင်းစွာ ရင်ဆိုင်ဖြေဆိုနိုင်လေ ဖြစ်ပါလိမ့်မယ်။ စာမေးပွဲတွေကို ကောင်းစွာ ပြင်ဆင် ဖြေဆိုနိုင်သူတွေ များလာလေလေ၊ မြန်မာ့လူ့အဖွဲ့အစည်းလည်း တိုးတက်လာလေပါပဲ။ ပညာခေတ်မှာ လူတော်လူ ကောင်းများစွာ မွေးထုတ်ပေးဖို့ လိုပါတယ်။ ထူးချွန်ထက်မြက်တဲ့ လူငယ်များစွာဟာ အနာဂတ်အတွက် အားထားရမယ့်သူများ ဖြစ်ကြပါတယ်။ လူငယ်တွေ တိုးတက်ကြပါစေ။ ။