ကော့သောင်းခရိုင် မီးသတ်တပ်ဖွဲ့မှ ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်

ကော့သောင်း   ၂၁   မေ

 

သဘာဝဘေးအန္တရာယ်နှင့် အခြားမမျှော်မှန်းနိုင်သည့် ဘေးအန္တရာယ်များ ကျရောက်ဖြစ်ပွားလာပါက ပြည်သူများ၏ အသက်အိုးအိမ်များ ထိခိုက်ပျက်စီးဆုံးရှုံးမှု မဖြစ်ပွားရေး ရှာဖွေကယ်ဆယ်မှု လုပ်ငန်းများ ထိရောက် လျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် ယနေ့နံနက်ပိုင်း ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ ကော့သောင်းမြို့တွင် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့် လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

 

ဇာတ်တိုက်လေ့ကျင့်ရာတွင် ခရိုင်မီးသတ်ဦးစီးဌာန ၊ ခရိုင်ဦးစီးမှူး ဦးအောင်ငြိမ်းဦး နှင့် တပ်ဖွဲ့ဝင် များသည် ယခုကဲ့သို့ မိုးဦးရာသီ အတွင်းဖြစ်ပေါ်လေ့ရှိသည့် မုန်တိုင်းဘေး ၊ ရေကြီးဘေး နှင့် မြေပြိုဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက အန္တရာယ် ကြုံတွေ့ရသူ ပြည်သူများအား ဘေးအန္တရာယ် ကင်းရှင်းရာသို့ လျင်မြန်စွာရွှေ့ပြောင်းခြင်း၊ အချိန်နှင့်တစ်ပြေးညီ ကယ်ဆယ်မှုဆောင်ရွက်ခြင်း ၊ ဒဏ်ရာရ လူနာများအား ရှေးဦးပြုစုခြင်းနှင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုပေးခြင်း စသည့် လုပ်ငန်းများနှင့် ပြည်သူများအကြား ဖြစ်ပေါ်လေ့ရှိသည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည့် ရေတွင်း ရေကန်များ ဆယ်ယူတူးဖေါ်ရာမှ ရေတွင်းအတွင်း အောက်စီဂျင်ပြတ်လပ်ကာ ဘေးအန္တရာယ် ကြုံတွေ့ပါက ဆောလျင်စွာရှာဖွေကယ်ဆယ်မှုလုပ်ငန်းအဆင့်ဆင့်အား ဇာတ်တိုက်လေ့ကျင့် ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)