ချောက် - စဉ့်ကူ - ပုဂံလမ်းအား ကတ္တရာထပ်ပိုးလွှာခင်း

ချောက် ဒီဇင်ဘာ ၂၃

 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ ချောက်မြို့နယ်၌ ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် လမ်းဦးစီးဌာနမှ ချောက် - စဉ့်ကူ - ပုဂံလမ်းအား ထပ်ပိုးကတ္တရာခင်းခြင်းလုပ်ငန်းကို ဒီဇင်ဘာ ၁၈ ရက်က စတင်‌ဆောင်ရွက်ခဲ့ရာ (၃၀)ရာခိုင်နှုန်းခန့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ချောက်မြို့နယ်အတွင်း ပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် မြို့နယ်လမ်းဦးစီးဌာနမှ ချောက် - စဉ့်ကူ - ပုဂံညောင်ဦးကားလမ်းမကြီး (34 .19 km နှင့် 34.39 km) အတွင်း လမ်းအရှည် (၁)ဖာလုံ (0.2km) လမ်းအကျယ် ပေ (၃၀) (9.14m) ကတ္တရာလမ်းအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

 

အဆိုပါလမ်းအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် (Mini-Budget) တိုင်းဒေသကြီး အထူးပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေ ကျပ်သန်း (၂၇ ဒသမ ၇၀၃ သန်း)ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြာင်း သိရသည်။

 

ချောက် - စဉ့်ကူ - ပုဂံလမ်းသည် ဒေသခံပြည်သူများသာမက အနီးအနားကျေးရွာများမှ  မြို့မစျေးသို့ ကုန်ပစ္စည်းများ လာရောက်ပို့ဆောင်သည့်ယာဉ်များ နေ့စဉ်အသုံးပြုသည့် မြို့နယ်ရဲ့ အဓိကအချက်အချာကျသည့် လမ်းမကြီးတစ်ခုဖြစ်သည်။

 

ကျော်မိုး(ပြန်/ဆက်)