ခေမီကို၏ အာဂမိန်းမ

ရန်ကုန် ၂၃ မေ

Dancer တစ်ဦးအဖြစ်နှင့်သာမက အဆိုတော် တစ်ယောက်အဖြစ်နှင့် ဂီတအလုပ်များ ဖန်တီးနေသည့် ခေမီကိုတစ်ယောက် သူ၏တစ်ကိုယ်တော်ခွေဖြစ်သည့် “အာဂမိန်းမ”ဟု အမည်ပေးထားသော တေးစီးရီးကို The Sun Music တေးထုတ်လုပ်ရေးမှ ယခုလ မေ ၂၆ ရက်တွင် စတင်ဖြန့်ချီသွားမည်ဟု သိရသည်။

“ခေမီကိုရဲ့ တတိယမြောက်ခွေလည်းဖြစ်တယ်။ အာဂမိန်းမဆိုတဲ့ နာမည်လေးကတော့ အခုခေတ်လူငယ်တစ်ဦးအနေနဲ့ ပေါ်လာတဲ့တွေးပေါ့လေ။ နောက်ဆုံးပေါ်ကကွက်တွေလည်း ထည့်သွင်းထားပါတယ်။ ဒီသီချင်းကိုနားထောင်လိုက်တာနဲ့ ပရိသတ်တွေ စိတ်ဓာတ်ခွန်အားပြည့်ဝသွားစေလိမ့်မယ်လို့ ယုံကြည်ပါတယ်၊ ကိုဆာင်းဦးလှိုင်က တစ်ပုဒ်ရေးပေးထားတယ်။ သချင်းတစ်ပုဒ်ကတော့ တရုတ်သီချင်းလေး ကော်ပီတစ်ပုဒ်ပါတယ်”ဟု တေးသံရှင်ခေမီကိုက ပြောသည်။

အဆိုပါသီချင်းခွေတွင် သီချင်း ၁၂ ပုဒ်ပါဝင်ပြီး တေးရေးဆရာဆောင်းဦးလှိုင်၊ ဝေကြီး၊ သံဒိုး၊ မိုးထက်၊ ကျော်နေလနှင့် အားကျုံးတို့က ရေးသားဖော်ကျူးပေးထားကာ “ Featuringအနေဖြင့် ဝေကြီး၊ မိုးထက် နှင့် အားကျုံးတို့က ပါဝင်သီဆိုပေးထားသည်။

ယင်းပရိုမိုးရှင်းပွဲကို မေ ၂၆ ရက် ညနေ ၃ နာရီတွင် ရန်ကုန်မြို့လှည်းတန်းစင်တာ၌ အနုပညာမောင်နှမများစွာဖြင့် လက်မှတ်ရေးထိုး သီဆိုဖျော်ဖြေကာ ပထမဆုံးအခွေ ဝယ်ယူအားပေးသူအယောက် ၁၀ဝအား ထီးနှင့်အမှတ်တရလက်ဆောင်များ ပေးအပ်သွားမည်ဟု သိရသည်။

ကိုလင်း