ချင်းပြည်နယ် ယဉ်ကျေးမှုပြတိုက်အတွက် ဟွာလ်ငိုစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဟွာလ်ငိုရိုးရာဝတ်စုံနှင့် ရုပ်တုများလှူဒါန်း

ဟားခါး ၁၁ စက်တင်ဘာ

 

ချင်းပြည်နယ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ချင်းပြည်နယ် ယဉ်ကျေးမှု ပြတိုက်အတွက် ဟွာလ်ငိုစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဟွာလ်ငိုရိုးရာဝတ်စုံနှင့် ရုပ်တုများ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီခွဲက အဆိုပါပြတိုက်ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် ဟွာလ်ငိုစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ လှူဒါန်းသော ဟွာလ်ငိုရိုးရာဝတ်စုံနှင့် ရုပ်တုများအား ကော်မတီနာယက ဦးလာလ်လျန်ဆုံးက ပေးအပ်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဟားခါးဌာနခွဲ ပြည်နယ်ဦးစီးမှူးက လက်ခံ၍ ဟွာလ်ငိုရိုးရာဝတ်စုံနှင့် ရုပ်တုများ လှူဒါန်းခြင်းနှင့် ပတ်သက်သည်များကို နာယကက ရှင်းလင်းပြောကြားကာ ပြည်နယ်ဦးစီးမှူးမှ ကျေးဇူးတင်စကား ပြောကြားသည်။

 

ယင်းနောက် ပြည်နယ်လူမှုရေးဝန်ကြီးက ဂုဏ်ပြုမှတ်တမ်းလွှာကို ကော်မတီအဖွဲ့သို့ ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံ ရိုက်ခဲ့ကြောင်း သိရသည်။

 

ခရိုင် (ပြန်/ဆက်)