ချင်းရိုးရာ နှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ

ဖလမ်း ၂၆ အောက်တိုဘာ

 

ချင်းရိုးရာ နှစ်သစ်ကူးပွဲတော် Fang Er (ဖန်အဲရ်) အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော စားပွဲတင်တင်းနစ် (ကျား၊ မ)၊ ကြက်တောင်၊ တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ဘော်လီဘော (ကျား၊ မ) ၊ သံလုံးပစ်(ကျား၊ မ)၊ သံပြားပစ် (ကျား၊ မ)၊ လှံတံပစ် (ကျား၊ မ)နှင့် ဘောလုံးပြိုင်ပွဲများကို အောက်တိုဘာ ၁၅ ရက်နေ့မှ စတင်ခဲ့ပြီး အသင်း(၈)သင်းပါဝင်ကာ အောက်တိုဘာ ၂၅ ရက်နေ့တွင် ကျင်းပပြီးစီးသည်။

 

 

 

 

ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို Vahnim အသင်းနှင့် Vahui အသင်းတို့ အောက်တိုဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီက ဖလမ်းမြို့၊ ရာပြည့်အားကစားကွင်း၌ ကျင်းပရာ ပွဲကစားချိန် မိနစ် ၉၀ တွင် နှစ်ဖက် ၂ဂိုးစီ သရေကျပြီး အချိန်ပိုဆက်လက်ကစားရာ နှစ်ဖက် ၃ ဂိုးစီဖြင့် သရေပြန်ကျသဖြင့် ပယ်နယ်တီကန်ရာတွင် Vahui အသင်းက Vahnim အသင်းကို( ၇-၅ )ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။

 

 

ဆုပေးပွဲအခမ်းအနား ဆက်လက်ကျင်းပရာ တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဆွဲပြားများ ပေးအပ်ချီးမြှင့်ကြသည်။

 

 

ဂျွန်