ချင်းတိုင်းရင်းသားတို့၏ ရိုးရာကျားအောင်ပွဲအက

၂၉ စက်တင်ဘာ 

 

နေ့ခင်းတွင် သူမသည် ကပြင်(thing thang)လူအများ နားနေရာအတွက် ပျဉ်များကို အိမ်ရှေ့မျက်နှာစာနှင့် တစ်ဆက်တည်း ခင်းထားသော ကွပ်ပျစ်ကျယ်ကျယ်ပေါ်တွင် ဂျပ်ခုတ်သောအခါ မိမိယောကျာ်း မန်ဟာအိုး သည် မိမိအနားတွင် လာအိပ်မည်။ ထိုအခါ ကပြင်အောက်မှ လာရောက်ချောင်းမြောင်း ကြည့်ရန် ပြောထားသည်။

 

နှမကလေးပြောသည့်အတိုင်း သွား ရောက်ကြည့်ကြသောအခါ ကပြင်၊ ပျဉ်ကြား၏ အောက်ဘက်တွင် မန်ဟာအိုးသည် အမြီးကို ချလျက်အိပ်သည်ကို တွေ့ကြ၏။ နှမပြော သည့်အတိုင်း မှန်ကန်ကြောင်းသိရှိသောအခါ မောင်တို့က မန်ဟာအိုးအား တိတ်တဆိတ် သတ်၍ ဦးခေါင်းကို ထရံ၌ ချိတ်ကပ်ထား၏။

 

သွမ်ဆုံ၏ အိပ်မက်တွင် မန်ဟာအိုးသည် ပေါ်လာတတ်၍ ''သွမ်ဆုံ ကျွန်တော့်ဦးခေါင်း ကို နံရံတွင် မချိတ်ပါနှင့်။ သိပ်ပင်ပန်းပါသည်။ ရွာတိုင်းတွင် ကရန်အတွက် သတ်မှတ်သည့် နေရာကိုယ်စီရှိကြသည့်ကွင်းတွင် ဦးခေါင်းကို ကိုင်ရင်း ကပွဲလုပ်ပေးပါ။ ထို့နောက် စမ်းရေအိုင်(cerh)တွင် မြှုပ်ပေးပါ''ဟု ပြော၏။ မကြာခဏ ထိုအိပ်မက်ကို မက်တတ် သောကြောင့် မိမိ၏မောင်တို့ကို ပြောပြ၏။

 

ထိုအခါ မောင်တို့ကလည်း အိပ်မက်ပေး သည့်အတိုင်း အများစုစည်း၊ အစည်းအဝေး ပြုလုပ်သည့်နေရာ (bual)တွင် ဦးခေါင်းကို အကဖြင့် ပြုလုပ်ပေးပြီး ညနေစောင်းတွင် စမ်းရေအိုင်သို့ မြှုပ်နှံ၏။ ထိုမှစ၍ ကျားအောင်ပွဲ ပြုလုပ်ခြင်း စတင်သည်ဟု ဆိုသည်။

 

ဒေါက်တာရောဘတ်ရှန်လျန်းဆိုသူက လည်း ခေါင်းကို ကောင်းမွန်စွာ ထိန်းသိမ်းခြင်း ကို ပြုလုပ်ခြင်းသည် အကြောင်းရှိ၏။ ရှေးရှေးတုန်းက လုံမလေးတစ်ဦးသည် ကျား အဖြစ်သို့ ပြောင်းလဲသွား၏။ ထိုကျားကို ပစ်သတ်သောအခါ ကျားကြီး၏ရုပ်အလောင်း လက်တစ်ဖက်တွင် ငွေလက်ကောက်တစ်ကွင်း ကို တွေ့ရှိရသောကြောင့် ဖြစ်သည်။

 

ဤပွဲစတင်ခြင်းနှင့်ပတ်သက်၍ ဦးဟရဲမန်း က ရေးသားရာတွင် လေတပ်ရွာ မျိုးဆက် (၁၃)မြောက်က မန်နှင်းတို့ မိသားစုနွယ်ဖြစ် သော လှောန်ကျဲအိုအရိုးမျိုးစုမှ ကျားအောင်ပွဲ ကို စတင်ကြောင်းဆိုသည်။လေတပ်ရွာတွင် အစ်ကိုမောင် ကိုးဦးရှိ သော နှစ်မလေးတစ်ဦးသည် ဂျပ်ခုတ်နေ၏။ ထိုအချိန်တွင် တောထဲမှ ကျားကြီးတစ်ကောင် ရောက်ရှိလာ၍ ထိုအပျိုကလေးကို တောသို့ ထမ်းပိုးသွား၏။ ထိုအခါ ကိုးဦးသော အစ်ကို မောင်များသည် စိတ်ဆိုး၍ ကျားကို မမှီမချင်း လိုက်မည်ဟု သန္နိဋ္ဌာန်ချ၏။ ပြောင်းစေ့ကို လှော်၍ထောင်းကာ အမှုန့်ကိုယူသွား၏။ လေးနှင့်မြား၊ လှံကိုယူ၍ နေ့ရောညပါလိုက်ကြ ၏။ ယခုဆတ္တာရွာ၏ အောက်တွင်ရှိသော ရီချောင်းတွင် ကျားကြီးကို မှီကြ၏။ ကျားကြီး က မည်သို့ပြုလုပ်သည်ကို ချောင်းကြည့် ကြ၏။

 

ကျားကြီးသည် လုံမပျိုလေး၏အလောင်း ကို သစ်ပင်အရင်းတွင် ထိုင်စေပြီး အင်တိုက် အားတိုက်ကရင်း အလောင်းနှင့် သစ်ပင်ကို ကိုးကြိမ်ပတ်၏။ ထို့နောက် နောက်တစ်ကြိမ် ပြန်ပတ်ပြီး စားမည်အပြု၌ အစ်ကိုမောင် ငါးယောက်က တစ်ပြိုင်တည်းမြားနှင့်ပစ်ကြ သဖြင့် ကျားကြီးသေဆုံးသွား၏။

 

ကျား၏အသားများကို စိတ်နာနာဖြင့် လှီးဖြတ်ကာ မီးကင်၍ စားကြ၏။ တချို့က ရေနှင့်သောက်စားသည်။ တချို့က အသားကို သာ စားသည်။ နှမလေးပါသွားသော လက်ဝတ်တန်ဆာများကိုမူ ညီအထွေးဆုံး ကိုပေး၏။ နှမလေးအလောင်းနှင့် ကျားခေါင်း ကိုယူ၍ အိမ်ပြန်လာကြ၏။
အစ်ကိုမောင်အားလုံးသည် ကျား၏ ဦးခေါင်းကိုဖြတ်၍ လေတပ်ရွာသို့ ရောက်သော အခါ ကျားကြီးက ပြုသည့်အတိုင်း အောင်ပွဲခံ ၍ လက်ဆန့်တန်းကရင်း ကျား၏ ဦးခေါင်းကို ကိုးပတ်ပတ်၍ ကကြ၏။ ဤကား ကျား အောင်ပွဲပြုလုပ်ခြင်းတစ်ခုဟု ဆိုပြန်သည်။

 

ကျားအောင်ပွဲဆိုသည်မှာ ကျားကို သိမ်းဆည်းခြင်း သို့မဟုတ် ကျားကိုလိမ်ခြင်း ဟူ၍ အမျိုးမျိုးခေါ်ဆိုသည်။ ချင်းတို့၏ အယူအဆတွင် ကျားကို ပစ်သတ်သူသည် အမျိုးသမီးဖြစ်လျှင် ပြဿနာမဟုတ်ပါ။ သို့သော် အမျိုးသားဖြစ်လျှင်မူ တစ်နေ့တွင် အခြားသောကျားက ကလဲ့စားချေမည်ဖြစ် သည်။ ထို့ကြောင့် ကျားပစ်သတ်သူသည် ယောကျာ်းမဟုတ် မိန်းကလေးသာဖြစ် ကြောင်း သက်သေပြနိုင်ရန်အတွက် မဖြစ် မနေ အောင်ပွဲကိုကျင်းပရခြင်းဖြစ်သည်။ ထို့ကြောင့် ကွင်း၌ ကသောအခါ အမျိုးသမီး ကဲ့သို့ ဝတ်စားဆင်ယင်ရခြင်းလည်း ဖြစ်သည်။

 

ခေါင်ကျွဲပွဲမကျင်းပသူသည် ကျား အောင်ပွဲကို ပြုလုပ်ခွင့်မရှိ။ အနည်းဆုံးဘွေသဲပွဲ (တစ်ရွာလုံးစားသောက်ပွဲ အလှူပေးခြင်း) ကို မကျင်းပနိုင်လျှင် ကျားသစ်နှင့်အခြားသော ကျားကို ပစ်သတ်နိုင်သော်လည်း အောင်ပွဲ မကျင်းပနိုင်ပေ။ ခေါင်ကျွဲပွဲက ဘွေသဲပွဲထက် ပို၍ ကြီးမြတ်သော ပွဲတော်ဖြစ်သည်။

 

ခေါင်ကျွဲပွဲနှင့် ဘွေသဲပွဲကျင်းပနိုင်သူများ သည် ကျားကိုမပစ်နိုင်သော်လည်း ကျား အောင်ပွဲကို ကျင်းပနိုင်ခွင့်ရှိသည်။ ထို့ကြောင့် ကျားအောင်ပွဲပြုလုပ်သူသည် ကျားကို ပစ်သတ်နိုင်သူအဖြစ် သဘောတူထားနိုင် သည်။ ဆန်ပီးမျိုးရိုးက ကျားကို ပစ်သတ်နိုင် လျှင် ဆန်ပီးမျိုးနွယ်က အောင်ပွဲပြုလုပ်ရ သည်။ ထိုမျိုးရိုးစုအတွင်းမှ ကျင်းပနိုင်သူမရှိ သောအခါမှသာ အခြားမျိုးရိုးစုများက ကျင်းပ ရသည်။ ထိုသို့ကျားကို ပစ်သတ်သော်လည်း ခေါင်ကျွဲပွဲကျင်းပလိုသူက ခေါင်အိုးနှင့် ပုတီးလုံးယူလာ၍ လာတောင်းရသည်။

 

ကျားအောင်ပွဲကျင်းပသောကွင်း(Bual)သည် ရွာတိုင်း၌ ကွင်းကိုယ်စီရှိကြသည်။ ထိုအောင်ပွဲ ကျင်းပသည့်နေ့ကြီးတွင် အမျိုးသားဟူသမျှ နံနက်က ထမင်းစားပြီး သောအခါ ကျင်းပရာကွင်းတွင် ရောက်ရှိကြ သည်။ ကောက်ညှင်းဆန်နှင့် အသားကို စားကြသည်။

 

အမျိုးသမီးများအတွက် သီးသန့်ထား သောအသား(Nusa)ကို အိမ်၌ စားပြီးသော အခါ အောင်ပွဲကျင်းပရာကွင်းသို့ ရောက်ရှိလာ ကြပြီး ကွင်း၏အပြင်ဘက်တွင် နေရာယူကြ ၏။ ကိုယ်အင်္ဂါမစုံသော အမျိုးသားများသည် လည်း အမျိုးသမီးများနည်းတူ ကွင်းတွင်း၌ ဝင်ခွင့် မရှိပါ။

 

အောင်ပွဲကျင်းပရာ ကွင်း(Bual)အောက်ဘက်တွင် ခါးလယ်အထိမြင့်သော စင်ကို ပြုလုပ်ထား၏။ တစ်လံ အကျယ်နှင့် လှေကားကို ခင်းသည်။ စင်၏အပေါ်တံစို့တွင် ကျားသားရေကို မှောက်လျက်ခြုံရာတွင် ခြေလေးချောင်းနှင့် အမြီးက ခင်းထားသော ကြမ်းပြင်ကို မထိတထိအမြင့်ဖြင့် ခင်းထား၏။ စင်၏ခြေရင်း မြေတစ်နေရာတွင် ခွေးငယ်လေး တစ်ကောင်ကို ပူဇော်ရန်အတွက် ချည်ထား သည်။

 

ပိုက်ပွဲ(နပန်းလုံးပွဲ) အရင်စ၍ ညနေ စောင်းသည်အထိ နပန်းလုံးပွဲ မပြီးလျှင်လည်း စ၍ကကြသည်။ အမျိုးသမီးရော အမျိုးသား များပါ ပါဝင်လျက် ဆွန်လာမ်ရိုးရာအကကို ကကြသည်။ ကျင်းပသူက ရှေ့ဆောင်၍ သူ၏ပတ်ဝန်းကျင်တွင် အခြားသူများက ဝိုင်း၍ ကကြ၏။ လက်နှစ်ခုကို ဆန့်တန်းကာ တံတောင် ဆစ်ကိုကွေး၍ လက်နှစ်ဖက်ကို အတက်၊ အကျ တစ်လှည့်စီ အနိမ့်အမြင့်ပြုလုပ်၍ ကကြ၏။ မျက်နှာချင်းဆိုင်၍လည်းကောင်း၊ စီတန်း၍ ရှေ့နောက်ဖြင့်လည်းကောင်း အားလုံးပါဝင်၍ ကကြရသည်။ ခေါင်ရည်ကို လောင်းထည့်သည့် စင်ပေါ်မှ ဆင်းသည်အထိ အောက်တွင်ရှိသောသူများသည် ကလျက် စောင့်ဆိုင်းကြသည်။ ထိုသို့ ဆက်၍ဆက်၍ ကကြရာ ကိုးပတ်ပြည့်သောအခါ ချည်ထား သောခွေးငယ်လေးကို စေခိုင်းသောသူတစ်ဦး က ဓားဖြင့်ခုတ်သတ်သည်။ ထိုခွေးလေး အလောင်းဖြင့် ကွင်း၏အောက်ဘက်တွင် ပူဇော်ကြ၏။ ထိုခိုင်း၍ သတ်သောသူကို အဖိုးအခပေးရ၏။ အများအားဖြင့် ကျပ်မပြည့် သူအား ခိုင်းရတတ်၏။

 

 

နေဝင်ရီတရော အချိန်ရောက်သောအခါ ကျား၏အရိုးနှင့် ခေါင်းကို တူရိယာများ တီးမှုတ်ရင်း ရွာ၏အပြင်ဘက်စိမ့်စမ်းရှိ ရွှံ့ညွန်တွင် သွားရောက်မြှုပ်နှံရ၏။ ကျား ဟူသမျှကို ပစ်သတ်သောအခါ တံစို့တွင်ထိုး၍ ပခုံးပေါ်တင်ကာ မည်သည့်ရွာထဲတွင်မျှ ဝင်ရောက်ဖြတ်သန်းခြင်းမပြုလုပ်ရပါ။
ကျားများစိတ်ဆိုး၍ ရွာရှိတိရစ္ဆာန်များကို ကိုက်ကြမည်ဖြစ်သည်ဟူသော အယူအဆရှိ၍ ဖြစ်သည်။

 

ချင်းစော်ဘွား(Phun bawi)များသည် လည်း ကျားအောင်ပွဲကို ကျင်းပလေ့ရှိသည်။ ကျားအောင်ပွဲကို ကျင်းပလိုသူ များပြားသော ရွာတွင် ကျားပစ်သတ်သူရှိပါက ကျားအောင်ပွဲ ကို သူကျင်းပမည်၊ ငါကျင်းပမည်ဟု တောင်းဆိုကြသည်။ ကျား၏ကိုယ်ပေါ်တွင် မှောက်လျက် မိမိကကျင်းပပါမည်ဟု မေတ္တာ ရပ်ခံသော ဓလေ့ရှိကြောင်း သိရသည်။ ကျွဲ၊ ဝက်သတ်၍ ကျွေးမွေး၏။ ညလုံးပေါက် ကခုန်ကြသည်။ ရိုးရာခေါင်ရည်များကလည်း သောက်မကုန်အောင် များပြားလှသည်။ သို့သော် ဘွေသဲပွဲ (တစ်ရွာလုံး စားသောက်ပွဲ အလှူပေးခြင်း) ကျင်းပခြင်းမရှိသူက ကျားအောင်ပွဲ ကျင်းပခွင့်မရှိပေ။ ကျား အောင်ပွဲအား နှစ်ရက်မှ ငါးရက်ခန့်အထိ ပြုလုပ်လျက်ရှိသည်။

 

ပထမနေ့

 

နွားနောက်၊ ကျွဲ၊ ဝက်များကို သတ်၍ ရွာလုံးကျွတ်(tlangzamာ)ဝေပေးကြသည်။ ရွာလုံးကျွတ်ပါဝင်ဆင်နွှဲ၍ သောက်၊ စား၊ ကကြ၏။ လူများပြားတက်ရောက်သောကြောင့် လူဦးရေအမှန်ကို သိရှိနိုင်ရန်အတွက် လူ တစ်ဦးအောင်လောက် တစ်စေ့ကို တောင်းထဲ ထည့်၍ ထိုဦးရေအလိုက် အသားကို လှီးဖြတ် ရသည်။ စားြ<ွကင်း၊ စားကျန်များသည် အိမ် သို့ ယူဆောင်နိုင်သော်လည်း အိမ်တွင်းသို့ ယူဆောင်ခွင့်မရှိသောကြောင့် အပြင်တွင် အားလုံးစားရ၏။

 

ဒုတိယနေ့

 

ထိုနေ့သည် ပွဲကြီး (nipi ni) နေ့ဖြစ်သည့် ဆရဲအိုး (sareu) ကျားအောင်ပွဲပြုလုပ်သူ များအတွက် နွားနောက်နှင့် ဝက်ထီးကို သတ်၍ပေးဝေခြင်း၊ စားသောက်ခြင်းပြုလုပ် ပါသည်။ ဆရဲအိုးဆိုသည်မှာ ခေါင်ကျွဲပွဲ၊ ဘွေသဲပွဲ မပြုလုပ်နိုင်သူများက ကျင်းပသည့် ပွဲဖြစ်ပါသည်။ တချို့သော ကျေးရွာများသည် ဘွေသဲပွဲကျင်းပသူအဆင့်ဖြင့် သတ်မှတ်သူများ လည်း ရှိကြသည်။ ကျင်းပပုံသည် ဇိန်ဝက် (နံနက်ပိုင်းတွင် သတ်သောဝက်သား) သတ်ပွဲ မှစ၍ အားလုံးအတူတူပင်ဖြစ်သည်။ ဇန်ချွန့် (ညတွင်စားသောက်ရန် သတ်သောဝက်သား) ပြုလုပ်ပြီးစီးသောအခါ ကျင်းပသူ၏ နှမ၊ အဒေါ်များက ဝက်ကိုသတ်၍ ယူလာကြ၏။ ယင်းကို အာရ်ဆာထ(arsa thah)ဟု ခေါ် သည်။ ယင်းပွဲပြီးလျှင် အဝတ်အထည်များ ရရှိနိုင်ရန် ပြုလုပ်ရခြင်းဟု ယူဆကြသည်။

 

ညတွင် ဇန်ချွန့်(zan chumh)ပွဲကို စတင်ကျင်းပ၍ ဝတ်ထီးသုံးကောင်ကို သတ်ကာ ခြေလေးချောင်းသတ္တဝါကိုလည်း သတ်ကြ၏။ အမျိုးသားအားလုံးဝက်သား ဆဆီရ် (sasir) စားသုံးကြ၏။ ခြေလေးချောင်းသတ္တဝါများ၏ အသားများကို ရွာလုံးကျွတ်ပေးဝေရသေး၏။ ထိုအထိ ပြုလုပ်ခြင်းကို ဆရဲအိုးဟု ခေါ်ဆို သည်။

 

ဘွေသဲပွဲပြုလုပ်သော အချိန်အတွင်း ဆရဲအိုးကိုလည်း ပြုလုပ်ကြသည်။ နံနက်ခင်း တွင် နွားနောက်အထီးကိုသတ်၍ ဝက်ထီး တစ်ကောင်ကိုလည်း သတ်ရ၏။ စားသုံးသူများ အတွက် စင်တစ်ခုကို ဆောက်လုပ်ပေးရ၏။ လိုအပ်သည်များကို စင်ပေါ်သို့ တင်ထား ကြ၏။ ဝက်ခြောက်ဆုပ်တစ်ကောင်ကို သတ်၍ တချို့ကိုပေးဝေပြီး ကျန်တစ်ဝက်ကို စင်ပေါ်အဖွဲ့များ(အရေးပါအရာရောက်သူ များ)က စင်ပေါ်တွင် စားသုံးကြ၏။

 

ထို့ပြင် ချွမ်ချန်(Chuanchang)ခေါ် ပွဲကျင်းပသော သူများအား သီးသန့်ထားပေးရ သော အသားတုံးစားခွင့်ရှိသူများအတွက် ခြေလေးချောင်းသတ္တဝါတစ်ကောင်နှင့် ဝက်ထီးတစ်ကောင်ကို သတ်၍ ဝေစားခြင်းပွဲ တည်ခင်းစားသုံးကြသည်။ အများအတွက်မူ ဝက်ထီးတစ်ကောင်ကို သတ်၍ ထမင်းမပါ စားရ၏။

 

ထိုနေ့တွင် ကျားအောင်ပွဲ ကျင်းပသည့် ကွင်းထဲတွင် ကသောနေ့ဟု ခေါ်ဆိုသကဲ့သို့ ကွင်းတွင် ပြုလုပ်သော စင်ပေါ်တွင်လည်း ကရမည့်နေ့ဖြစ်သည်။ ထိုစင်ပေါ်တွင် ကျား၏အလောင်းကို ထမ်းစင်(laang) တံစို့ဖြင့် ခွနှစ်ခုကြားတွင်ထားကာ ကျန်လိုစောင် (ချင်းအခေါ်)ကိုခြုံပြီး လက်နှင့်ခြေများတွင် ငွေလက်ကောက်များ (banhrolh, ngunkhi- khiang)များနှင့် အလှဆင်ကာ စွပ်၍ ဝတ်စေ သည်။

 

ကွင်းထဲတွင် ကကြသောအခါ စင်ကို တစ်ပတ်ပတ်ပြီးတိုင်း စင်ပေါ်သို့ အမျိုးသား က တက်၍ ကျား၏မျက်လုံးကို ချည်ဒလက် (ရက်ကန်းရက်ရန် ချည်ဖြင့် ပတ်ထားသော တုတ်ဖြင့်)ထိုးပြီး ခေါင်ရည်ကိုငုံ၍ မှုတ်ထုတ် သည်။ မှုတ်ထုတ်သောနေရာကို ဇနီးက ဆန်မှုန့်ဆုပ်ကို ချေမွလျက်ဖြူးရသည်။ ထိုကဲ့သို့ စင်ကို ကိုးပတ်ပြီးသောအခါ အမျိုးသားများ သည် ကျား၏ ခေါင်းကို စမ်းရေရွှံ့ညွန်(cerh)တွင် သွားရောက်မြှုပ်နှံကြလေသည်။ ထို့နေ့ များတွင် ကျားကို ပူဇော်သောသူများ (kei dang) သည် အိမ်ပြင်မထွက်ဘဲ အိမ်ထဲတွင် အောင်း၍နေရ၏။

 

ထိုသို့ အဓိပ္ပာယ်လေးနက်၍ ထူးဆန်း အံ့သြဖွယ်ကောင်းသော ကျားအောင်ပွဲအက အား ထန်တလန်မြို့နယ် လေတပ်ရွာ၌ အမြဲ ကျင်းပလေ့ရှိသည်။ ချင်းလူမျိုးတို့၏ ချစ်စရာ ကောင်းသော ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း အကျင့်တစ်ခုဖြစ်သည်။ ယင်းအပြင် ချင်း လူမျိုးတို့သည် မျိုးနွယ်စုကွဲပြားစေကာမူ ယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံများကို မပျောက် ကွယ်စေရန်အတွက် ထိန်းသိမ်းစောင့်ရှောက် ခြင်း၊ ရှင်သန်ကြီးထွားစေရန် ပြုစုပျိုးထောင် လာခြင်း ဓလေ့ရိုးရာများရှိသကဲ့သို့ ကျား အောင်ပွဲအကအား ယနေ့လူကြီးများက နောင်လူငယ်များထံသို့ အမွေခံကောင်းများ အား လက်ဆင့်ကမ်း ရှင်သန်ပေးဝေနေမည်မှာ အမှန်ပင်ဖြစ်ပါတော့သည်။ ။

 

မင်းလပြည့်(ဟားခါး)

ကိုးကား
စတီဗင်နီကီယို၏ ချင်းရိုးရာဓလေ့ထုံးတမ်း
ဟင်နရီရှန်ကုန်း(ပြည်တော်သာရပ်ကွက်)၊ ဟားခါးမြို့
ဦးငွန်ဖူး၊ ကျောဘုတ်ရပ်ကွက်၊ ဟားခါးမြို့