ခင်ဦးမြို့နယ်တွင် အသက်(၈၅) နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင်ထောက်ပံ့ကြေးပေးအပ်

ခင်ဦး ၂ ဇန်နဝါရီ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ အသက် (၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ လူမှုရေးပင်စင်ထောက်ပံ့ကြေးပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သင်းသင်းကြူက အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသိန်းဇော်က လူမှုရေးပင်စင် ထောက်ပံ့ကြေးပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

အဆိုပါပေးအပ်ရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု ၆၄ အုပ်စုရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွား ၉၄၇ ဦးအတွက် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၂၈၄၁၀၀၀၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်ဦးစိုးဝေ