ကျိုက်ဒုံမြို့အတွင်းသို့ ရေများဆက်လက်ဝင်ရောက်လျက်ရှိ

ကျိုက်ဒုံ  ၁၀   ဩဂုတ် 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် ယနေ့ နံနက် ၆ နာရီက မိုးအဆက်မပြတ်ရွာသွန်းပြီး ဟောသရောမြစ်ရေလျှံမှုကြောင့် ရေများပြန်လည်ကျဆင်းမှု မရှိဘဲ မြို့အတွင်းသို့ရေများ ဆက်လက်ဝင်ရောက်လျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် မိုးရေချိန် (၅ ဒသမ ၂၄)လက်မ၊ဟောသရောမြစ်ရေ စိုးရိမ်ရေမှတ် (၁၇) ပေ အထက်ကျော်လွန်၍ (၂၂)ပေ ၆လက်မသို့ ရောက်ရှိခဲ့ပြိ်း ကျိုက်ဒုံမြို့ ရေဘေးကယ်ဆယ်ရေးစခန်း(၃)ခု၊ နီးစပ်ရာ ဆွေမျိုးနေအိမ်များတွင် ရေဘေးသင့်ပြည်သူ လူဦးရေ(၁၀ဝ၀)ကျော် ရွှေ့ပြောင်းနေထိုင်လျှက်ရှိသည်။

အဆိုပါရေများဝင်ရောက်မှုကြောင့်ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများကို မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်နှင့် ဌာနဆိုင်ရာများ၊မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့များ၊ တပ်ရင်း/တပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များဖြင့် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ကျိုက်ဒုံ(ပြန်/ဆက်)