ကျိုက်မရောမြို့ ရေဘေးသင့်အိမ်ထောင်စုများသို့ ဆန်အိတ်များလှူဒါန်း

ကျိုက်မရော ၁၁ သြဂုတ် 

ကျိုက်မရောမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီးမြစ်ရေများ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ကာ ရေကြီး ရေလျှံမှုများဖြစ်ပေါ်နေသည့်အတွက် ရေဘေးကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေကြသော ရေဘေးသင့်ပြည်သူများစားသုံးရန်အတွက် ယနေ့မွန်းလွဲ ၁ နာရီက သံဖြူဇရပ် တပ်နယ်မှူး ဗိုလ်မှူးချုပ်ကျော်ကျော်ဦးနှင့် စစ်သည်မိသားစုများမှ ဆန်အိတ် ၁၀ အိတ် ပေးပို့လှူဒါန်းရာ ကျိုက်မရော လူငယ်ပရဟိတအဖွဲ့ခေါင်းဆောင် ဦးစောထူးလေးမှလက်ခံရယူခဲ့သည်။

ဆက်လက်၍ ရေဘေးသင့်ပြည်သူများ အတွက် ရေသန့်ဘူး ကဒ် ၃၅၀ နှင့် ခေါက်ဆွဲခြောက်ဖာများကို ဇွန်ကုမ္ပဏီမိသားစုမှ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ကျိုက်မရော (ပြန်/ဆက်)