ကျိုက်မရောတွင် အင်္ဂလိပ်ဘာသာစကား စွမ်းရည်ပြိုင်ပွဲကျင်းပ

ကျောင်းသား ကျောင်းသူလေးများအား အင်္ဂလိပ်ဘာသာစကား စွမ်းရည်တိုးတက်စေရန် ရည်ရွယ်၍ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ကျိုက်မရောမြို့နယ် ပိန်းနဲကုန်းကျေးရွာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည်။

 

 

အခမ်းအနားတွင် ဒုတိယမြို့နယ် ပညာရေးမှူး ဦးအောင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဦးလှမိုးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းချက်များအား ရှင်းလင်းပြောကြားသည်။

 

 

ပြိုင်ပွဲတွင် ပိန်းနဲကုန်းမှ ကျောင်းသား ကျောင်းသူများက အင်္ဂလိပ်ကဗျာ ရွတ်ဆိုပြိုင်ပွဲကို ကျင်းပခဲ့ပြီး ကလေးများ အပြောစွမ်းရည် တိုးတက်စေရန် ပုံပြောပြိုင်ပွဲနှင့် ကျပန်းစကား ပြောပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့သည်။

 

 

ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား ကျောင်းသူများကို ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

 

 

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)