ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့နှံ့ကူးစက်နေတဲ့ တစ်နှစ်အတွင်းမှာ တွေ့ရတဲ့ မှတ်တမ်းများ

၂၇ နိုဝင်ဘာ

 

တရုတ်နိုင်ငံကနေ စတင်ပျံ့နှံ့ကူးစက်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးဟာ တစ်နှစ်ရှိပြီးနောက်မှာ ကာကွယ်ဆေးရရှိဖို့ မျှော်လင့်ရသလို ဖြစ်လာပါတယ်။ ရောဂါပိုး ကူးစက်မှုအတွင်းမှာ တွေ့ရတဲ့ မှတ်တမ်းအချို့အား  အောက်ပါအတိုင်းစုစည်း တင်ဆက်လိုက်ပါတယ်။

 

-ပထမဆုံးသေဆုံးမှု-

ဒီဇင်ဘာ ၃၁ ၂၀၁၉ - ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO )ကနေ တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန်မြို့မှာ အမျိုးအမည်မသိတဲ့ နမိုးနီးယားရောဂါပိုးဟာ လူအစုလိုက်အပြုံလိုက်ဆီမှာ တွေ့ရှိရကြောင်း ကြေညာ

 

ဇန်နဝါရီ ၇ ၂၀၂၀- ကိုရိုနာဗိုင်းရပ်စ်ပိုးလို့ သတ်မှတ်ပြီး လေးရက် အကြာ မှာ ရောဂါပိုးကြောင့် ပထမဆုံးသေဆုံးရှိကြောင်း တရုတ်အစိုးက ကြေညာ

 

-ဝူဟန်ကို အဆက်သွယ်ဖြတ်ထား-

 

ဇန်နဝါရီ ၂၃ - ကမ္ဘာတစ်ဝန်းကလူတွေက ဝူဟန်မှုကို စတင်အဆက်သွယ်ဖြတ်ပြီး မြို့ဟာ သီးသန့်စောင့်ကြည့်မှုအောက်ထားထားရှိခဲ့ကြောင်း နဲ့ ကမ္ဘာ့နိုင်ငံတွေက သူတို့ရဲ့ နိုင်ငံသားတွေကို တရုတ်နိုင်ငံကနေ ပြန်လည် ခေါ်ဆောင်ကြကြောင်း သိရ။

 

ဖေဖော်ဝါရီ ၁၅ - ပြင်သစ်နိုင်ငံကိုလာရောက်လည်ပတ်တဲ့ တရုတ်နိုင်ငံသားတစ်ဦး သေဆုံး

 

-ကမ္ဘာ့ကပ်ရောဂါ-

မတ် ၆ - ကမ္ဘာ့တစ်ဝန်းမှာ ရောဂါပိုး ကူးစက်ခံရသူ ၁၀၀,၀၀၀ ကျော်သွား

 

မတ်၁၁- WHOကနေ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးပျံ့နှံ့မှု အား ကမ္ဘာ့ကပ်ရောဂါပိုးလို့ အမည်တပ်ခေါ်တွင် ။ အီတလီနိုင်ငံမြောက်ပိုင်းမှာ အသွားအလာကန့်သတ်မှု (lockdown) စတင်

 

ကမ္ဘာ့ စတော့ဈေးကွက် ပြိုကျ

 

အစိုးရတွေနဲ့ ဗဟိုဘဏ်တွေက စီးပွားရေးလုပ်ငန်းတွေကို ကူညီမှု စတင်

 

-ဉရောပနိုင်ငံတွေမှာ lockdown စတင်-

 

စပိန်(မတ် ၁၄)၊ ပြင်သစ် (မတ် ၁၇) မှာ နိုင်ငံသားတွေအား နေအိမ်တွေမှာဘဲနေရန်

ဂျာမနီနဲ့ ဗြိတိန်နိုင်ငံတွေမှာ တစ်ဦးနဲ့တစ်ဦးခပ်ခွာခွာနေရန် အမိန့်ထုတ်ပြန်

ဉရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံရဲ့ နယ်စပ်ဂိတ်တွေ ပိတ်

 

-အိုလံပစ်အားကစားပွဲတော် ရွှေ့ဆိုင်း-

မတ် ၂၄ ရက်နေ့မှာ တိုကျိုအိုလံပစ်အားကစားပွဲ ၂၀၂၀ ကို တစ်နှစ်တိတိ ရွှေ့ဆိုင်း

မတ် ၂၅ ရက်မှာ ကုလသမဂ္ဂ က ကမ္ဘာ့ကပ်ရောဂါဟာ လူသားအားလုံးကို ခြိမ်းခြောက် နေကြောင်း သတိပေး

 

-ကမ္ဘာ့လူဦးရေ တစ်ဝက်နီးပါး နေအိမ်တွေမှာ ပိတ်မိ-

ကမ္ဘာတစ်ဝန်းမှာ ရောဂါပိုးကူးစက်မှုကို ထိန်းချုပ်ရန် အသွားအလာကန့်သတ် (lockdown) သတ်မှတ်

ဧပြီ ၂ - ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက် (၃.၉ ဘီလီယံ) ဟာ နေအိမ်တွေမှာ ပိတ်မိ တယ်လို့သိရ ၊ အဲဒီနေ့မှာဘဲ ပိုးကူးစက်ခံသူ ၁ သန်းကျော်သွား၊ ဗြိတိန်ဝန်ကြီးချုပ်မှာရောဂါပိုးတွေ့ရှိပြီး အထူးကုသဆောင်အထိ ရောက်ရှိ

 

-စီးပွာရေးပြိုလဲ-

အမေရိကန်လေယာဉ်ထုတ်လုပ်ရေးကုမ္မဏီ ဘိုးရင်းက လုပ်သား ၁၆,၀၀၀ ကို အလုပ်မှလျော့။ လေကြောင်းလိုင်းတွေနဲ့ မော်တော်ကားထုတ်လုပ်ရေး ကုမ္ပဏီတွေကလည်း အလုပ်သမားလျော့ချမှုတွေ ပြုလုပ်လာ

 

-လက်တင်အမေရိကနိုင်ငံတွေမှာ ရောဂါပိုးဒဏ်ခံလာရ-

 

ဇွန် ၇မှာ သေဆုံးသူ ၄၀၀,၀၀၀ ကျော်ရှိလာ၊ လက်တင်အမေရိကနိုင်ငံတွေမှာ ပိုးတွေ့သူနဲ့ သေဆုံးသူ များပြားလာ

 

-မျက်နှာဖုံးဝတ်ဆင်ရေး၊မဝတ်ဆင်ရေး-

ပိုးတွေ့ရှိသူ အရေးအတွက်များလာတဲ့အတွက် ဉရောပနိုင်ငံအချို့မှာ အများသုံးယာဉ်တွေ၊ကျောင်းတွေ၊ ဈေးဆိုင်တွေနဲ့ လမ်းမတွေပေါ်မှာ မျက်နှာဖုံးဝတ်ဆင်ရမယ်လို့ ဆိုလာ။ မတ်လ ၁၈ ရက်နေ့ကစပြီး ချက်ပြည်သူ့သမ္မတနိုင်ငံမှာ မျက်နှာဖုံးဝတ်ဆင်ရမယ့် အမိန့်ထုတ်ပြန်

-မျက်နှာဖုံးမဝတ်ဆင်ရေး ဆန္ဒပြပွဲတွေကို ဘာလင်၊ လန်ဒန်၊ ပဲရစ်နဲ့ ရောမမှာ ကျင်းပ

 

ပိုးကူးစက်မှု ဒုတိယလှိုင်း-

စက်တင်ဘာ ၂၈ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် သေဆုံးသူ ၁ သန်း ရှိ

 

အောက်တိုဘာလတွင် ဉရောပမှု ဒုတိယလှိုင်းစတင်ပြီး နိုင်ငံအချို့မှာ သွားလာရေးကန့်သတ်မှုတွေ၊ ညမထွက်ရမိန့်တွေထုတ်ပြန်၊ အမေရိကန်နိုင်ငံမှာလည်း ပိုးတွေ့ရှိသူ အရေးအတွက်များပြားလာ

 

-ကာကွယ်ဆေး မျှော်လင့်ချက်ရောင်နီ-

နိုဝင်ဘာ ၉ အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ဂျာမန်ကုမ္ပဏီ BioNTech တို့က သူတို့လုပ်တဲ့ ကာကွယ်ဆေးက အစွမ်းထက်ကြောင်း ထုတ်ပြန်ချိန် ပိုးတွေ့ရှိသူ သန်း ၅၀ ကျော်သွား

နောက်သီတင်းပတ်မှာ အမေရိကန်ဆေးကုမ္ပဏီ Moderna က ကာကွယ်ဆေးအကြောင်း ကြေညာသလို မရှေးမနှောင်းမှာ AstraZeneca နဲ့ Oxford University တို့ပူးတွဲထုတ်လုပ်ထားတဲ့ ဗိုင်းရပ်စ်ပိုးကာကွယ်ဆေး နဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်အသီးသီးပြုလုပ်လာ

 

အမေရိကန်နဲ့ ဉရောပနိုင်ငံအချို့မှာ ကာကွယ်ဆေးကို ဒီနှစ်ကုန်ပိုင်းမှာ ပြည်သူ လူထု အား ထိုးနှံပေးဖို့ မျှော်လင့်ရ

 

MDN

ကိုးကား - AFP