“ကိုယ်စောင့်နတ်” ရုပ်ရှင်ဇာတ်ကား အထူးပွဲပြသ

"ကိုယ်စောင့်နတ်" ရုပ်ရှင်ဇာတ်ကားအထူးပွဲကို  ရန်ကုန်မြို့ Junction City (JCGV) ရုပ်ရှင်ရုံတွင် ဒီဇင်ဘာ ၂၀ ရက် ည ၈ နာရီက ကျင်းပခဲ့ရာ သရုပ်ဆောင်များနှင့်မီဒီယာများ တက်ရောက် ကြည့်ရှုကြသည်။ 

"ကိုယ်စောင့်နတ်"ဇာတ်ကားနှင့်ပတ်သက်၍ သရုပ်ဆောင်လွှမ်းပိုင်က “ဒီဇာတ်ကားမှာ ပရိုဂျူဆာအနေနဲ့လည်း တစ်စိတ်တစ်ဒေသပါဝင်ပါတယ်။ ဒီကားက ပေါ့ပေါ့ပါးလေးနဲ့  ကိုယ့်အားကိုယ်ကိုးဖို့ကို ပြောတာပါ။ ဒီကားရဲ့ ဇာတ်ဝင်တေးတွေပါတဲ့ music video လေးကို ဒီတစ်ပတ်ထဲမှာ ထုတ်ဖို့ရှိပါတယ်” ဟုပြောသည်။ 

သရုပ်ဆောင် ခင်ဝင့်ဝါ က “ဒီကားကလူငယ်ဟာသအချစ်ကားလေးပါ၊ အကောင်းဆုံးကြိုးစား ထားပါတယ်၊ ကြည်နူးမှုရသမြောက်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်” ဟုပြောသည်။

ဒါရိုက်တာဝင်းလွင်ထက် ရိုက်ကူးထားသည့် "ကိုယ်စောင့်နတ်" ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် ရဲအောင်၊ မေသဉ္ဇာဦး၊ ရန်အောင်၊ ကျော်သူ၊ ထွန်းထွန်း၊ ထူးအောင်၊ အောင်ရဲထွေး၊ ခိုင်သဇင်ငုဝါ၊ တက္ကသိုလ်ဂွမ်းပုံတို့နှင့်အတူ ဧည့်သရုပ်ဆောင်များဖြစ်ကြသည့် သင်ဇာဝင့်ကျော်နှင့် ခေးဆက်သွင်တို့က ပါဝင်ထားကြသည်။ 

 “ကိုယ်စောင့်နတ်” ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ ၂၈ ရက်တွင် နိုင်ငံတစ်ဝန်းရှိ ရုပ်ရှင်ရုံများတွင် ရုံတင်ပြသသွားမည် ဖြစ်သည်။ လူငယ်ကျောင်းသားဟာသဇာတ်လမ်းကို ကြည်နူးဖွယ် ရသများဖြင့် ရိုက်ကူးထားပြီး နောက်ဆုံးတွင် လူငယ်များကို ကိုယ့်အားကိုယ်ကိုးမှုဆိုသည့် မက်ဆေ့ကိုပေး ထားကာ လူငယ်များအတွက် စိတ်ဓာတ်မြှင့်တင်ရေး ဇာတ်လမ်းဖြစ်သည်။

 

သတင်း၊ ဓာတ်ပုံ - သန့်ဇင်ဝင်း