ကိုယ်စောင့်နတ် ရုပ်ရှင်ကားကြီး ယခုတစ်ပတ် ရုံတင်မည်

၂၆ ဒီဇင်ဘာ

 

ဒါရိုက်တာဝင့်လွင်ထက် ဖန်တီးရိုက်ကူးကာ Media 7 မှ ထုတ်လုပ်သည့် ကိုယ်စောင့် နတ်ဟုအမည်ပေးထားသော ရုပ်ရှင်ဇာတ်ကားကြီးကို ဒီဇင်ဘာ ၂၈ ရက်တွင် ရုံတင် ပြသသွားမည်ဖြစ်သည်။ ယင်းရုပ်ရှင်တွင် ထပ်ဆင့်အကယ်ဒမီ ရန်အောင်၊ အကယ်ဒမီ ရဲအောင်၊ ထွန်းထွန်း၊ ထူးအောင်၊ လွှမ်းပိုင်၊ အောင်ရဲထွေး၊ သုတဇော်၊ ဆန်းထွဋ်၊ ခင်ဝင့်ဝါ၊ ခိုင်သဇင်ငုဝါ၊ ချောကလျာ၊ မေသဉ္ဇာဦးနှင့် အနုပညာရှင်များစွာ ပါဝင် ထားပြီး ပါဝင်သရုပ်ဆောင်သူများ၏ အသံများကို စုစည်းတင်ပြလိုက်ပါသည်။

 

လွှမ်းပိုင် 

 

ကျွန်တော်က ဒီကားထဲမှာ ဒေးဗစ်ဆိုတဲ့ ကျောင်းသားကောင်လေးတစ်ယောက်ပါ၊ ငယ်ငယ်ကတည်းက အလွဲတွေချည်း ဖြစ်ခဲ့တယ်၊ ကျွန်တော် ငယ်ငယ်ကတည်းက ကျိတ်ကြွေနေရတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်၊ ခင်ဝင့်ဝါပေါ့၊ သူနဲ့နီးစပ်ဖို့ ကြိုးစားရင်း အလွဲလေးတွေ ခဏခဏကြုံနေရတယ်၊ ပါတီတစ်ပွဲမှာ သူ့အတွက်အမှတ်တရဖြစ်စေမယ့်အရာလေးတစ်ခုကို ကျွန်တော်လုပ်ပြရာကနေ တလွဲဖြစ်ခဲ့လို့ ကိုယ်စောင့်နတ်ကို အပြစ်တင်လိုက်ချိန်မှာ သူက ကျွန်တော့်ကိုယ်ထဲကနေ အပြင်ထွက်လာပြီး ကျွန်တော့်ကို ကူညီစောင့်ရှောက်တဲ့ပုံစံလေး ရိုက်ထားတာပါ။

 

ထူးအောင်

 

ကျွန်တော်က ဒီကားလေးထဲမှာ လွှမ်းပိုင်တို့သူငယ်ချင်းတွေကို အနိုင်ကျင့်တဲ့သူပေါ့၊ ကျောင်းမှာ လွှမ်းပိုင်တို့အဖွဲ့ကို အနိုင်ကျင့်ရင်း မထင်မှတ်ဘဲ သူတို့ဘက်က ပြန်ပြီး လက်စားချေတာကို ခံရတယ်၊

 

ထွန်းထွန်း 

 

ကျွန်တော်က လွှမ်းပိုင်ရဲ့ ကိုယ်စောင့်နတ်အဖြစ်နဲ့ ပါထားတယ်၊ ဇာတ်ကားလေးက ကျောင်းသားကားလေးဆိုတော့ အရင်တွေ့နေကျပုံစံတော့ မဟုတ်တော့ဘူး၊ ခေတ်လည်းမီတယ်၊ ပြီးတော့ ဒီကားထဲက ဇာတ်ကောင်လေးတွေက ပရိသတ်ကြိုက်မယ့် ပုံစံလေးတွေပါ၊ ဟာသကားဆိုတာထက် ပညာပေးကားလေးဆိုလည်း မမှားဘူး၊

 

ခင်ဝင့်ဝါ 

 

ဘယ်လာဆိုတဲ့ ကောင်မလေးအဖြစ်နဲ့ တွေ့ရမှာပါ၊ ကျောင်းတုန်းကဘဝလေးကို ပြန်သတိရတာပေါ့နော်၊ ကိုယ်တွေကျောင်းသူဘဝကဆို သူငယ်ချင်းတွေနဲ့ ပျော်ခဲ့ရတာပေါ့၊ အခုဒီကားလေးကလည်း ဘဝမှာ ကြိုးစားရင် ကြိုးစားသလောက်ဖြစ်တယ် ဆိုတဲ့ ပုံစံလေး ရိုက်ထားတာပါ။

 

ကိုလင်း