ကိုယ်ပိုင် ဇာတ်လမ်းဆင်ပြီး ဇာတ်ကားထုတ်လုပ်ရိုက်ကူးရန် ပြင်ဆင်နေသည့် အကယ်ဒမီ ပြေတီဦး

၃  ဒီဇင်ဘာ 

 

"သုဒြာ"ဟု အမည်ရသည့် ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေးဖြင့်  ရုပ်ရှင်ဇာတ်ကားအချိူ့ ၂၀၁၉ ခုနှစ် တွင် ထုတ်လုပ်ရိုက်ကူးရန်အတွက်၊ သရုပ်ဆောင်ပြေတီဦးအနေဖြင့်  ပြင်ဆင်မှုတွေလုပ်ဆောင်နေကြောင်း သိရသည်။

 
၎င်းအနေဖြင့်  ပထမဦးဆုံး ရိုက်ကူးထုတ်လုပ်ခဲ့သည့် ရုပ်ရှင်ဇာတ်ကားမှာ "REFLECTION" ရုပ်ရှင်ဇာတ်ကား ဖြစ်ပြီး အဆိုပါဇာတ်ကားကို၊ ဒါရိုက်တာလူမင်း ၊ထွန်းအိန္ဒြာဗိုလ်၊ အိန္ဒြာကျော်ဇင်၊ ဝတ်မှုံရွှေရည်၊ ပတ်ထရစ်ရှာ တို့ဖြင့် ထုတ်လုပ်ရိုက်ကူးခဲ့ကြောင်းသိရသည်။

 

မေး - သုဒြာ ထုတ်လုပ်ရေးကနေ ဝတ္ထုကောင်းတွေ ရှာပြီး ဇာတ်အိမ် ခိုင်မာတဲ့ ကားတွေ ရိုက်ကူးဖို့ရှိလား။

 

ဖြေ ။ ။       နာမည်ကြီး ဝတ္ထုဆိုတာက ဇာတ်နဲ့ ကိုယ်နဲ့လည်း လိုက်ဖက်ဖို့ လိုသေးတယ်။ နာမည်ကြီး ဝတ္ထုဖြစ် တိုင်း အကုန်လုံးကို ရိုက်လို့တော့မရဘူး။ ကိုယ်နဲ့လည်းလိုက်ဖက်မယ်၊ ကိုယ်တိုင်ကလည်း နှစ်သက် မယ် စသ ဖြင့်ပေါ့လေ ။ အကျိုးအကြောင်းတွေ တိုက်ဆိုင်မှပေါ့၊ ကျွန်တော့်အနေနဲ့လည်း အဲ့လိုကားမျိုး ရိုက်ချင်ပါတယ်။ ဒါ ပေမယ့် ကျွန်တော်စဉ်းစားပြီး သုဒြာက ရိုက်ဖို့ပြင်ဆင်တာကတော့ရှိတယ်။ ဘယ်လိုပြောမလဲ နာမည်ကြီး ဝတ္ထု တော့ မဟုတ်ဘူး။ ကိုယ့်ဟာနဲ့ ကိုယ်ဇာတ်လမ်းဆင်ပြီးတော့ ကိုယ်ဟာကိုယ် ဇာတ်လမ်းကို သရုပ်ဆောင်ပြီး ရိုက်ဖို့ အတွက်ပြင်ဆင်နေပါတယ်။ ကိုယ်တိုင်ဇာတ်လမ်း ဇာတ်ညွှန်းရေးတာမျိုး မဟုတ်ပါဘူူး။ ကျွန်တော်တို့က အခြေခံကိုစဉ်းစားပြီးမှ ရေးတတ်တဲ့ပညာရှင်တွေနဲ့ ပြန်တိုင်ပင်ပြီး ဇာတ်အိမ်ကောင်းတစ်ခု ဖြစ်အောင်ဖန်တီး ချပြမှာပါ။

 

မေး -  ကိုယ်တိုင်က စိတ်ကျေနပ်တဲ့ ကားတွေရောရှိမလား။

 

ဖြေ ။ ။       ဒီနှစ်ထဲမှာ စိန်ယောက်မ ရုံတင်တယ်၊ အဲ့ဒီတုန်းကတော့ ကိုယ့်ကို အားပေးမှုများတာ ဇာတ်ကားပေါ့ နော်၊ တစ္ဆေပါလာပြီ  သရဲကားတစ်ကားရှိတယ် ဆိုတော့ ဘယ်လိုပြောမလဲ သူ့ဟာနဲ့သူ ဆိုတော့မဆိုးပါဘူး။ အရမ်း ကြီး စိတ်ကျေနပ်အားရတဲ့ အထိတော့မရောက်တော့ မရောက်ဘူးပေါ့။ ဒါပေမယ့် စိန်ယောက်မဆို ရင် အောင်မြင်မှုရဲ့ အတိုင်းအတာ ပရိသတ်တွေရဲ့ကျေနပ်မှုအတိုင်းအတာမှာဆိုရင်တော့ အောင်မြင်တဲ့ကား တစ်ကားလို့ ပြောလို့ရတာပေါ့၊ ကျန်တဲ့ကားတွေကတော့ သူ့ဟာနဲ့ သူ အနေအထားတစ်ခုခုကို ပရိသတ်သ ဘော ကျတယ်။ လက်ခံတယ် ဒီလောက်ပဲပေါ့ ။နောက်ထပ်နောက်ထပ် ဒီထက်ပိုပြီးမှ ပုံစံတွေပြောင်းလဲ လာ မယ်။ ဇာတ်လမ်းပုံစံတွေ ပြောင်းလဲလာမယ်။

 

မေး- လာမယ့် ၂၀၁၉ ခုနှစ်ထဲမှာရော ပရိသတ်ကို ဘယ်လိုအသစ်အဆန်းတွေ ဖန်တီးချပြဖို့ရှိလဲ။

 

 ဖြေ ။ ။    ၂၀၁၉ မှာတော့ ကျွန်တော်ကိုယ်တိုင်ရဲ့ လည်ပတ်နေကြ ပုံစံပြောင်းလဲသွားမှာပါ။ ပြောင်းလဲသွားမယ့် ဟာ တွေတော့ မပြောပြချင်သေးဘူး။ ကျွန်တော်ရဲ့ ကိုဝိုင်းနဲ့ ရိုက်ထားတဲ့ လိပ်ပြာထောင်ချောက်၊ ကမ္မဖလတို့ စသဖြင့် တခြား ဒရာမာတွေလည်း ရှိပါသေးတယ်။ 

 

မေး -  ပရိသတ်တွေ ဝေဖန်ထောက်ပြကြတဲ့အပေါ်မှာရော ဘယ်လိုမြင်မိလဲ။

 

ဖြေ  ။ ။ကျွန်တော်တို့အနုပညာသမားတွေဆိုတာက ပရိသတ်က ထောက်ပြဝေဖန်တာတွေကို သေသေချာချာ စဉ်းစား ပြီးတော့မှ ပြင်သင့်တာတွေကိုတဖြေးဖြေးနဲ့ပြင်ရမှာပေါ့။ ဒါမှလည်း အပြစ်နည်းသော ဖန်တီးမှုလေးတွေဖြစ် လာမှာပါ။ပရိသတ်တွေ ဝေဖန်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကောင်းစေချင်လို့ပဲ မြင်တယ်။

 

ကိုလင်း