ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ ခေါင်လန်ဖူး - ဆရမ်ဖာလမ်း ၁၂ မိုင် ၄ ဖာလုံအနက် ၂ မိုင် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

နေပြည်တော် ဧပြီ ၂၅

 

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ကျပ် ၂၆၃ သန်းဖြင့် ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်၊ ခေါင်လန်ဖူးမှ ဆရမ်ဖာကျေးရွာသို့ ဆက်သွယ်သည့် လမ်း ၁၂ မိုင် ၄ ဖာလုံ အနက် ၂ မိုင် မြေသားလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်‌ရေးရုံးမှ သိရသည်။

 

အဆိုပါလမ်းကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မြေလမ်း ၄ မိုင် စတင်ဖောက်လုပ်ပေးခဲ့ပြီး လမ်းဖောက်လုပ်ပြီးစီးပါက ခေါင်လန်ဖူးမြို့နှင့် ဆရမ်ဖာကျေးရွာရှိ ကျေးရွာများမှ ဒေသထွက်ကုန်များကို ပူတာအိုမြို့ပေါ်သို့ အချိန်တိုအတွင်း ပို့ဆောင်နိုင်တော့မည်ဖြစ်ရာ ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်မှုနှင့် ကုန်စည်စီးဆင်းမှုများကို များစွာအထောက်အကူပြုသည့်အတွက် များစွာဝမ်းမြောက် ဂုဏ်ယူလျက်ရှိသည်။

 

နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၅၄၈၈ ဒသမ ၈၈၂ သန်းဖြင့် ကချင်ပြည်နယ်အတွင်း လမ်း/တံတားလုပ်ငန်း၊ ရေရှိရေးလုပ်ငန်း၊ မီးလင်းရေးလုပ်ငန်း၊ သာသနာရေးလုပ်ငန်းနှင့် တန်ဖိုးနည်းဝန်ထမ်းအိမ်ရာတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်