ကလေးစာပေပွဲတော်(မြစ်ကြီးနား) စည်ကားသိုက်မြိုက်စွာကျင်းပရေး လုပ်ငန်းကော်မတီများနှင့် ညှိနှိုင်းစည်းဝေး

မြစ်ကြီးနား ၁၄ ဇန်နဝါရီ  

 

ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကချင်ပြည်နယ်စိုးရအဖွဲ့တို့ပူပေါင်း၍ မြစ်ကြီးနားတက္ကသိုလ်အတွင်း ဇန်နဝါရီ ၂၀ ရက်မှ ၂၂ ရက်အထိ ၃ ရက်ကြာကျင်းပမည့် ကလေးစာပေပွဲတော်(မြစ်ကြီးနား) စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ကချင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပွဲတော်ကျင်းပရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခန်းမ၌ ပြုလုပ်ကျင်းပခဲ့သည်။

 

ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်က အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဝင်းလွင်က ပွဲတော် ကာလအတွင်း ကျင်းပပြုလုပ်သွားမည့် နေ့ရက်အလိုက်ပြပွဲ၊ ပြိုင်ပွဲများနှင့် ခင်းကျင်းဆောင်ရွက် မည့်အစီအမံများနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ချိုနွယ်ဌေးဝင်းက ပွဲတော်ကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအသီးသီးနှင့် ညှိနှိုင်းဆောင်ရွက်ပြီးစီးမှု အခြေအနေ၊ ဆောင်ရွက်ဆဲအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အစိုးရအဖွဲ့အတွင်းရေးမှူးတို့က လိုအပ်ချက်များနှင့် ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးကြပြီး ပွဲတော်ဖြစ် လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကလေးများအတွက် သီးသန့်ဆောင်ရွက်ပေးသည့် ပွဲတော်ဖြစ်သည့်အတွက် အောင်မြင်စည်ကားစွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လိုအပ်သည့် အစီ အမံများအတွက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများအနေဖြင့် အသေးစိတ် ညှိနှိုင်းဆွေးနွေးပြီး ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း မှာကြားသည်။

 

ကလေးစာပေပွဲတော်(မြစ်ကြီးနား)ကို မြစ်ကြီးနား တက္ကသိုလ်ဝင်းအတွင်း ၃ ရက်တာကာ လ၌ ဌာနဆိုင်ရာပြခန်းများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုပြခန်းများ အပါအဝင် စာဖတ်ရှိန်မြှင့် တင်ရေးဆွေးနွေးပွဲများ၊ ပျော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများ ပါဝင်မည်ဖြစ်ကြောင်း ပြည်နယ်ပြန်/ဆက်မှ  သိရှိရသည်။

 

MDN

 

mdn