ကလေးမြို့တွင် မီးလောင်မှုကြောင့် ပျက်စီးသွားသော ရဟန်းဖြစ်သင်ကျောင်း ပြန်လည်ပြုပြင် မွမ်းမံရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အလှူငွေကျပ် သိန်း ၃၀ ပေးအပ်လှူဒါန်း

ကလေး   ၂၂   သြဂုတ်  


စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကလေးမြို့  သဇင်ရပ်ကွက် ရိုမင်ကက်သလစ် ကလေးသာသနာပိုင် ဆရာတော်ဝန်းတွင်းရှိ မီးလောင်မှုကြောင့် ပျက်စီးသွားသော ရဟန်းဖြစ်သင်ကျောင်း သုံးထပ်ဆောင်အား ပြန်လည်ပြုပြင်မွမ်းမံရန်အတွက် အလှူငွေကျပ်သိန်း(၃၀) လှူဒါန်းပွဲကို သြဂုတ်(၂၂)ရက်နေ့က ရိုမင်ကက်သလစ်ဆရာတော်ကြီးကျောင်းခန်းမတွင် ကျင်းပခဲ့သည်။


အဆိုပါ အလှူငွေကျပ်သိန်း (၃၀)လှူဒါန်းပွဲသို့ ကလေးခရိုင် စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ ဦးခင်မောင်ချိုက အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော်က အလှူငွေ လှူဒါန်းရခြင်းအကြောင်းများကို ရှင်းလင်းပြောကြားခဲ့သည်။ လှူဒါန်းငွေ ကျပ်သိန်း(၃၀)ကို အစိုးရအဖွဲ့ကိုယ်စား ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဉက္ကဋ္ဌ ဦးခင်မောင်ချိုက ကလေးသာသနာပိုင် ဆရာတော်ကြီး ဖိလစ် လျန်ခင်းထန် ထံသို့ ပေးအပ်လှူဒါန်းခဲ့ရာ ဆရာတော်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


အဆိုပါ လှူဒါန်းပွဲ အခမ်းအနားသို့ ခရိုင်နှင့်မြို့နယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့ဝင်များ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။

                                                                                                    
MDN