ကလိန်အောင်မြို့၊ ရာဖူးကျေးရွာ၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွား

ကလိန်အောင် ၁၀ ဩဂုတ်


တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ရာဖူးကျေးရွာ၊ ရေး-ထားဝယ်ကားလမ်း မိုင်တိုင်အမှတ် (၆၅/၁)နှင့် ပေ(၅၀)ကျော်အကွာတွင် ယနေ့ နံနက် ၁၀ နာရီခန့်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားကြောင်း သိရသည်။


အဆိုပါ ရေကြီးရေလျှံမှုကြောင့် နေအိမ်တစ်လုံး နစ်မြုပ်မှုဖြစ်ပွားကာ အဆိုပါအိမ်ထောင်စုအား ရာဖူးကျေးရွာ အုပ်ချုပ်ရေးမှူးအစီအစဉ်ဖြင့် နီးစပ်ရာနေအိမ်တွင် နေရာချထားပေးခဲ့ပြီး လူ၊ ပစ္စည်းများ ထိခိုက်ဆုံးရှုံးမှုမရှိကြောင်း သိရသည်။
ထို့အတူ ယနေ့ နံနက် ၁၀ နာရီခန့်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ရေး-ထားဝယ် ကားလမ်းအရှေ့ဘက်ရှိ ရွာလယ်ချောင်း ရေကြီးရေလျှံမှုဖြစ်ပွား၍ နေအိမ်လေးလုံး ရေနစ်မြုပ်မျောပါမှု ဖြစ်ပွားခဲ့ပြီး ရေးဘေးသင့် အိမ်ထောင်စုများအား အလယ်စခန်းကျေးရွာ အုပ်ချုပ်ရေးမှူး အစီအစဉ်ဖြင့် နီးစပ်ရာဆွေမျိုးများအိမ်တွင် နေရာချထားပေးကာ လူများထိခိုက်မှုမရှိကြောင်း သိရသည်။


ကလိန်အောင်(ပြန်/ဆက်)