ကလိန်အောင်မြို့ ရေး-ထားဝယ်ကားလမ်း၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွား

ကလိန်အောင် ၁၀ သြဂုတ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ ရေး-ထားဝယ်ကားလမ်း၊ (၃၉၁) ကီလိုမီတာနှင့် (၃၉၁/၅) ကီလိုမီတာနေရာတို့တွင် ယနေ့ညနေ ၄ နာရီခန့်က မြေပြိုမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရေတိုက်စားမှုကြောင့် (၃၉၁)ကီလိုမီတာနှင့် (၃၉၁/၅)ကီလိုမီတာနေရာတို့၌ ကားလမ်းအစိတ်အပိုင်း ပဲ့ပါသွားခဲ့၍ အချိန်မီပြင်ဆင်နိုင်ရေး လမ်းအထူးအဖွဲ့ (၂၃)မှ ဆောင်ရွက်လျက်ရှိ‎ကြောင်း သိရသည်။

ကလိန်အောင်(ပြန်/ဆက်)