ကလိန်အောင်မြို့၌ လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများပေးအပ်

ကလိန်အောင်  ၂၁   သြဂုတ်

တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့တွင် ယနေ့ နံနက် ၉ နာရီခွဲက လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

mdn

 

ထိုသို့ ပေးအပ်ရာတွင် ဇောတိက၊ ရဲတံခွန်၊ ရတနာစီမံကိန်းများမှ ကလိန်အောင်မြို့ အမှတ်(၂)ရပ်ကွက်ရှိ လေပြင်းတိုက်ခတ်ခံရသော အမိုးလန်ပျက်စီးနေအိမ် (၁)လုံး၊ အမှတ်(၄)ရပ်ကွက်ရှိ ပြိုလဲနေအိမ် (၄)လုံးမှ မိသားစုဝင်များအား ငွေကျပ် ၁၀ဝ၀ဝဝနှင့် အဝတ်အထည်၊ တီရှပ်(၅)ထည်၊ ဆိုလာမီးအိမ်နှင့် စတီးအိုးတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

ကလိန်အောင်မြို့တွင် သြဂုတ် ၁၀ ရက်က မိုးအဆက် မပြတ်ရွာသွန်းခြင်း၊ ရေကြီးရေလျှံမှုဖြစ်ပေါ်ခြင်းနှင့် လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်အချို့ ပြိုလဲပျက်စီးခဲ့ခြင်း ဖြစ်သည်။

ကလိန်အောင်(ပြန်/ဆက်)