နေပြည်တော် အောက်တိုဘာ ၅
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ဇနီး ဒေါ်ကြူကြူလှ၊ ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များနှင့် ဇနီးများ၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ် ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့၏ အရှေ့တောင်ဘက် ငါးမိုင်ခန့်အကွာရှိ ပျူမြို့ဟောင်းများအနက် အကြီးဆုံးဖြစ်သည့် သရေခေတ္တရာ မြို့ဟောင်း ကမ္ဘာ့အမွေအနှစ်ဒေသသို့ သွားရောက်၍ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းထားရှိမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ကြိုဆိုနှုတ်ဆက်
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် သရေခေတ္တရာ မြို့ဟောင်းသို့ ရောက်ရှိ ကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ရှေးဟောင်းသုတေသန နည်းပညာသင်တန်းကျောင်း ဧည့်ခန်းမဆောင်၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီး ဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းလွင်တို့က သရေ ခေတ္တရာ ကမ္ဘာ့အမွေအနှစ်ဒေသ ဆိုင်ရာများ၊ သရေခေတ္တရာမြို့ ဟောင်းနှင့် ပျူတို့ဖြစ်ပေါ်လာခဲ့ သည့် သမိုင်းကြောင်းဆိုင်ရာများ၊ မြို့ဟောင်းများ တူးဖော်၍ ထိန်းသိမ်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်းများကို ကမ္ဘာ့အမွေ အနှစ် ဒေသအဖြစ် သတ်မှတ်နိုင်ရေး တူးဖော်တွေ့ရှိ သည့် မူလအတိုင်း ထိန်းသိမ်း၍ သတ်မှတ်စံနှုန်းများနှင့် ကိုက်ညီ အောင် ထိန်းသိမ်းဆောင်ရွက်ခဲ့မှုများနှင့် ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံခဲ့ရမှုများ၊ တူးဖော်ရရှိသည့် ရှေးဟောင်း အမွေအနှစ် လက်ရာများကို သုတေသနပြု လေ့လာချက်များ အရ ဘာသာ၊ စာပေ၊ ကိုးကွယ်မှု၊ ဝတ်စားဆင်ယင်မှုနှင့် ဓလေ့စရိုက် ယေဘုယျလက္ခဏာများ၊ ယဉ်ကျေးမှုဆိုင်ရာ အဆင့်ဆင့် ပြောင်းလဲလာမှု၊ ဒေသတစ်ခုနှင့် တစ်ခုဆက်စပ်မှု စသည်တို့ကို ဖော်ထုတ်ရရှိမှုများ၊ ရှေးဟောင်း သုတေသန နည်းပညာသင်တန်းကျောင်းမှ ဘာသာရပ်ဆိုင်ရာ သင်ကြားပို့ချနေမှုများ၊ ရှေးဟောင်း ယဉ်ကျေးမှုလက်ရာများ တူးဖော်မှုမှတ်တမ်းများ၊ အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးနိုင်မည့် အခြေအနေများမှ ထိန်းသိမ်း စောင့်ရှောက်လျက်ရှိမှု၊ စုဆောင်း ရရှိသည့် ရှေးဟောင်းအမွေအနှစ် လက်ရာများအား ပြည်တွင်း၊ ပြည်ပမှ လာရောက်လေ့လာသူများ ကြည့်ရှုလေ့လာနိုင်ရေး သီရိခေတ္တရာ ပြတိုက်အတွင်း ပြကွက်၊ ပြခင်းများဖြင့် စနစ်တကျ ပြသထားရှိမှု၊ ကမ္ဘာ့အမွေအနှစ် သရေခေတ္တရာ ယဉ်ကျေးမှုဇုန် အတွင်း တရားမဝင် အဆောက်အအုံများနှင့် တရားမဝင်နေထိုင်မှု များ မရှိစေရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိမှု စသည်တို့ကို မှတ်တမ်း အထောက်အထားများဖြင့် ရှင်းလင်းတင်ပြသည်။
ပြန်လည်ဖော်ထုတ်ရန်လို
တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ပျူနှင့် ပတ်သက်၍ ဗိဿနိုး၊ ဟန်လင်းတို့တွင် တူးဖော်ရရှိသည့် ရှေးဟောင်း ပစ္စည်းများအရ ရှေးခေတ်ပျူတို့၏ လက်မှုပညာ အဆင့်အတန်း မြင့်မားမှုကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ထို့ပြင် ပျူခေတ် ဝတ်စားဆင်ယင်မှုများ ကိုလည်း ပြန်လည်ဖော်ထုတ်ရန် လိုကြောင်း၊ ယနေ့ခေတ်တွင် ပျူမျိုးဆက်များနှင့် ပတ်သက်၍လည်း သုတေသနပြုရန်လို ကြောင်း၊ ယဉ်ကျေးမှုအရ ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက် လေ့လာခြင်းဖြင့် ပြည်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေမည်ဖြစ်သဖြင့် ရှေးဟောင်းအမွေအနှစ်များကို စနစ်တကျ ထိန်းသိမ်းကြရန် လိုကြောင်း၊ တူးဖော်ရရှိသည့် ရှေးဟောင်းအမွေအနှစ် လက်ရာများ၊ ဘုရား၊ စေတီများ၊ အဆောက်အအုံများ ထိန်းသိမ်းထားရှိမှုကို နောင်လာ နောက်သားများ အထောက်အထား ရရှိစေရေးအတွက် ဓာတ်ပုံမှတ်တမ်းများ၊ စာအုပ်စာတမ်းများဖြင့် ခုနှစ်၊ သက္ကရာဇ်အလိုက် စနစ်တကျ မှတ်တမ်းထားရှိရန် လိုကြောင်း၊ ဓာတ်ပုံမှတ်တမ်းများ ရယူရာတွင်လည်း အရည်အသွေးကောင်းမွန် မြင့်မားသည့် ဓာတ်ပုံများဖြစ်ရန် လိုပြီး ကွန်ပျူတာစနစ်ဖြင့်လည်း စနစ်တကျ မှတ်တမ်းထားရှိရန်လို ကြောင်း၊ ယခင်က မိမိတို့နိုင်ငံသူ နိုင်ငံသားတို့၏ သမိုင်းကြောင်း အစဉ်အလာ မြင့်မားမှုများသည် စနစ်တကျ မှတ်တမ်းရေးမှတ် ထားခြင်းမရှိသဖြင့် ပျောက်ပျက် ခဲ့ရသည်များ များစွာရှိခဲ့ကြောင်း၊ ထို့ကြောင့် မိမိတို့၏ သမိုင်း ကြောင်းဆိုင်ရာများကို စာအုပ် စာတမ်းများဖြင့် မှတ်တမ်းထားရှိခြင်း၊ ကွန်ပျူတာစနစ်ဖြင့် သိမ်း ဆည်းခြင်းတို့ဖြင့် စနစ်တကျ မှတ်တမ်းထားရှိသွားရန်လိုကြောင်း၊ အိန္ဒိယနိုင်ငံ ဗီဇကာပတ် တနန်မြို့တွင်လည်း ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ နေရာတစ်ခုရှိ ပြီး ၎င်းတို့တူးဖော်ရရှိထားသည့် အဆောက်အအုံများ၊ စေတီပုထိုး များ၊ ရှေးဟောင်းပစ္စည်းများသည် မိမိတို့နိုင်ငံရှိ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ မြို့ဟောင်းများ တွင် တူးဖော်ရရှိထားသည့် လက်ရာများနှင့် များစွာတူညီမှုရှိ ကြောင်း၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် သွားရောက်လေ့လာပြီး သမိုင်းကြောင်းတွေ့ရှိမှုများကို သုတေသနပြု ဆောင်ရွက်ရန် လိုကြောင်း၊ ရာဇကုမာရ်ကျောက်စာတွင် ဗမာ စာပေကို အမှီပြု၍ မွန်၊ ပျူ၊ ပါဠိ ဘာသာများဖြင့် ထပ်မံဘာသာ ပြန်ဆိုရေးထိုးထားသည်ကို တွေ့ရှိ ရသဖြင့် ပုဂံခေတ်တွင် မွန်၊ ပျူ၊ ဗမာတို့၏ ဆက်စပ်မှုများ၊ ပျူတို့၏ ယဉ်ကျေးမှုများကို သုတေသနပြု ဖော်ထုတ်ရန်လို ကြောင်း။
ကမ္ဘာ့အဆင့်မီ ယဉ်ကျေးမှုဇုန်ဖြစ်ရမည်
ကမ္ဘာ့အမွေအနှစ် သရေခေတ္တရာ ယဉ်ကျေးမှုဇုန် တစ်ခုလုံးအား ခြုံငုံမြင်တွေ့လေ့လာ၍ ရနိုင်သည့် View Point မျှော်စင်တစ်ခုကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောက်လုပ်နိုင်မည့် အခြေအနေများနှင့် အဓိကကျသည့် ရှေးဟောင်းယဉ်ကျေးမှု နေရာများ အား Protection Area အဖြစ် ကာရံနိုင်မည့် အခြေအနေများ၊ ယဉ်ကျေးမှုနယ်မြေအား နိုင်ငံတကာအဆင့်ရှိသည့် ယဉ်ကျေးမှု တစ်ခုဖြစ်အောင် ဆောင်ရွက်ရ မည်ဖြစ်ပြီး နိုင်ငံတကာမှ သမိုင်းကို လာရောက်လေ့လာသူများ ကမ္ဘာ့အဆင့်မီ ကြည့်ရှုလေ့လာ နိုင်ရေး ဆောင်ရွက်ရန် လိုကြောင်း၊ မြန်မာ့သမိုင်းကို ခိုင်ခိုင်မာမာအဆင့်ရှိရှိ ပြသနိုင်သည့် ကမ္ဘာ့ အဆင့်မီ ယဉ်ကျေးမှုဇုန်ဖြစ်ရ မည်ဖြစ်ကြောင်း၊ ရှေးဟောင်း ယဉ်ကျေးမှုဇုန်များသည် ခရီးသွား လုပ်ငန်းအတွက် အရေးကြီးသည့် နေရာများ ဖြစ်ပြီး လာရောက်လေ့လာသူ များပြားလာပါက ဖြစ်ပေါ်လာနိုင်မည့် ပို့ဆောင်ရေး လုပ်ငန်းများ၊ ဈေးဆိုင်များ စနစ်တကျ ဖြစ်စေရေးအတွက်လည်း ကြိုတင်စီမံထားရန် လိုကြောင်း၊ ထိုကဲ့သို့ နိုင်ငံတကာမှ လာရောက် လေ့လာသည့် ပညာရှင်များ၊ ဝါသနာရှင်များမှတစ်ဆင့် မြန်မာ့သမိုင်းကို ကမ္ဘာ၌ ထည်ဝါစေရမည်ဖြစ်ကြောင်း၊ ရှေးဟောင်း သုတေသန နည်းပညာသင်တန်း ကျောင်းအနေဖြင့် သမိုင်းကြောင်းဆိုင်ရာ သင်ကြားမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားရမည်ဖြစ်ပြီး လိုအပ်သည်များကို နိုင်ငံတော်မှ ကူညီဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် သရေခေတ္တရာယဉ်ကျေးမှုဇုန်အတွင်းရှိ သီရိခေတ္တရာပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် အဆင်တန်ဆာနှင့် အသုံး အဆောင်များဆိုင်ရာ ပြခန်း၊ စာပေနှင့် ကိုးကွယ်ယုံကြည်မှု ဆိုင်ရာပြခန်း၊ ရှေးခေတ်အသုံး အဆောင် ပစ္စည်းများ၊ စာပေ ဆိုင်ရာ အထောက်အထားများ၊ ပျူခေတ်အုတ်များ၊ ဗိသုကာ လက်ရာများနှင့် ပျူခေတ ်အသုံး အဆောင်ပစ္စည်းများ စသည့် ပြကွက်များကို တစ်ခုချင်းအသေးစိတ် စိတ်ဝင်တစား ကြည့်ရှု လေ့လာခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် သမိုင်းအထောက်အထားများအား စနစ်တကျ ထိန်းသိမ်းထားရှိရန်၊ ပြတိုက်အတွင်း ခင်းကျင်းပြသ ထားသည့် ဓာတ်ပုံများနှင့် ခုနှစ်၊ သက္ကရာဇ်များ၊ တူးဖော်ရရှိသည့် နေရာများကို အလွယ်တကူ လေ့လာသိရှိနိုင်ရေး အတွက် လည်း ရှင်းလင်းစွာ စာတန်းထိုး ထားရန်လိုကြောင်း၊ ပျူစာဖြင့် ရေးထိုးထားသည့် ကျောက်စာ များကို သမိုင်းပညာရှင်များဖြင့် ဘာသာပြန်ဆို၍ အများပြည်သူ လေ့လာနိုင်ရေး ထားရှိရန်လို ကြောင်း၊ ရှေးခေတ်လက်ရာ ဒင်္ဂါးပြားများ၊ လက်ဝတ်ရတနာ များကို အနီးကပ်ကြည့်ရှုလေ့လာ နိုင်ရေး ခေတ်မီနည်းစနစ်များ အသုံးပြု၍ LED Screen များဖြင့် လေ့လာကြည့်ရှုနိုင်အောင် ဆောင် ရွက်ပေးထားရန် လိုကြောင်း၊ Digital Museum အဖြစ် အဆင့် မြှင့်တင်နိုင်ရေး ဆောင်ရွက်ရန်နှင့် အခြား လိုအပ်သည်များကို မှာကြားသည်။
ကြည့်ရှုစစ်ဆေး
ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် သီရိ ခေတ္တရာပြတိုက် ဧည့်သည်တော် မှတ်တမ်းတွင် လက်မှတ်ရေးထိုး သည်။ ထို့နောက် သရေခေတ္တရာ ယဉ်ကျေးမှုဇုန်အတွင်းရှိ နန်းတော် ရာနေရာသို့ သွားရောက်၍ ထိန်းသိမ်း ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး နန်းတော်ရာ တွင်ရှိနေသည့် ကျုံးပြန်လည် တူးဖော်ရန် မှာကြားသည်။ ဆက်လက်၍ ရှေးဟောင်းသမိုင်း ဝင် ဘောဘောကြီးစေတီသို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း ကပ်လှူပူဇော်သည်။ ယင်းနောက် စေတီတော်ကြီး ဘက်စုံပြုပြင်မွမ်းမံရန် အလှူငွေ များ ပေးအပ်လှူဒါန်းပြီး စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
အဆိုပါ သရေခေတ္တရာမြို့ ဟောင်းသည် မြန်မာနိုင်ငံတွင်ရှိ သည့် ပျူမြို့ဟောင်းများအနက် အကြီးဆုံးနှင့် သက်တမ်းအရှည် ဆုံးမြို့ဖြစ်ပြီး သရေခေတ္တရာဟူ သော အမည်သည် “ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော မြို့”ဟု အဓိပ္ပာယ်ရကြောင်း၊ ပဲခူး တိုင်းဒေသကြီး ပြည်မြို့ အရှေ့ တောင်ဘက် ၅ မိုင်ခန့်အကွာ မှော်ဇာရွာတွင် တည်ရှိပြီး သရေခေတ္တရာ မြို့ဟောင်းသည် အဝန်းအဝိုင်း ပုံသဏ္ဌာန်ရှိကာ မြို့ရိုးသည် အရှည် ၁၄ ကီလိုမီတာ၊ အကျယ် ၄ မီတာနှင့် အမြင့် ၁၀ မီတာရှိကြောင်း၊ မြို့ဟောင်း အတွင်း မှော်ဇာရွာအပါအဝင် ကျေးရွာပေါင်း ၁၇ ရွာ ပါဝင် ကြောင်း၊ ဒေသရာဇဝင်များအဆို အရ သရေခေတ္တရာမြို့တည်ပုံမှာ သာသနာတော်သက္ကရာဇ် (၁၀၁)ခုနှစ်တွင် ဂဝံပတိရသေ့၊ သိကြား၊ ဂဠုန်၊ နဂါး၊ ဂမ္ဘာန်၊ စန္ဒီ၊ ပရမေသုရာ စသည့် သူမြတ် ခုနစ်ဦးတို့သည် မြတ်စွာဘုရား ဗျာဒိတ်တော်ရှိ သည်နှင့်အညီ မြို့ကို တည်အံ့ သော အကြောင်းကို စုရုံးတိုင်ပင် ကြ၍ သာယာညီညွတ်လှစွာသော မြေအပြင်ဝယ် သိကြားမင်းသည် စက်တိုင်၌ ရပ်နေပြီးလျှင် နဂါးကို စက်ကြိုးပြု၍ ပတ်စေခဲ့ကြောင်း၊ ထိုအဝန်းအဝိုင်းကိုပင် သရေခေတ္တရာ မြို့တော်၏ ပမာဏ အဖြစ် စတင်တည်ထောင်ခဲ့ပြီး ဒွတ္တပေါင်မင်းကြီးကို နန်းတင်မြှောက်ခဲ့သည်ဟု အဆိုရှိခဲ့ ကြောင်း၊ သရေခေတ္တရာမြို့ ဟောင်းသည် ပျူတိုက်၊ သင်္ချိုင်း၊ ကုန်း၊ စေတီ၊ ဂူဘုရား၊ နန်းတော်၊ မြို့ဝင်ပေါက်၊ ကျုံး၊ မြို့ရိုးကဲ့သို့ သော အဆောက်အအုံ အကြွင်း အကျန်များနှင့်အတူ လက်ရှိအချိန် အထိ လူနေထိုင်ဆဲမြို့ပြ တစ်ခု ဖြစ်ကြောင်း၊ မြို့ဟောင်းတူးဖော်မှု လုပ်ငန်းနှင့် ကွင်းဆင်းသုတေသန လုပ်ငန်းများကို ၁၉၀၇ ခုနှစ်မှစတင် ၍ ယခုအချိန်အထိ ရှေးဟောင်း သုတေသနဦးစီးဌာနက ဆက် လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်