ကမ္ဘာအနှံ့အပြားရှိ တရုတ်စာ တတ်သူတိုင်း ဆိုရှယ်မီဒီယာ ဝီးဘို Weibo အသုံးပြုနိုင်အောင် ဆောင်ရွက်မယ်

တရုတ်နိုင်ငံတွင်းမှာ အသုံးပြုနေတဲ့ ဆိုရှယ်မီဒီယာ ဝီးဘို Weibo ဟာ နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်ဖို့အတွက် ကုန်ပစ္စည်းအသစ်တွေကို ဘာသာစကားအမျိုးစုံနဲ့ ဖြန့်ချိဖို့ စဉ်းစားနေကြောင်း ဝီးဘို Weibo ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

ဝီးဘို Weibo ဟာ တွစ်တာပုံစံဖြစ်ပြီး တရုတ်ပြည်မှာ အသုံးအများဆုံးဖြစ်ပြီး တင်းကျပ်တဲ့ ဆင်ဆာအဖွဲ့ အောက်မှာ ရှိတယ်လို့ နာမည်ကြီးတဲ့ တရုတ်ပြည်တွင်းသုံး ဆိုရှယ်မီဒီယာတစ်ခုဖြစ်ပါတယ်။ ဝီးဘို Weibo မှာ ဗီဒီယိုတင်လို့ မရတာကလွဲလို့ ဓါတ်ပုံတွေ၊ သတင်းတွေနဲ့ live လွှင့်တာတွေ အကုန်ပါရှိပါတယ်။ အခုတော့ ဝီးဘို Weibo ဟာ ကမ္ဘာအနှံ့ရှိ တရုတ်လူမျိုးတွေဆီကို ရောက်ရှိအောင် လုပ်ဆောင်ချင်တယ်လို့ ဝီးဘို Weibo ရဲ့ တာဝန်ရှိသူ ဇန်ဇီးက ပြောပါတယ်။ 

ဘေကျင်း အခြေစိုက် Bytedance က တီထွင်လိုက်တဲ့ TikTok ဗီဒီယိုအတို တင်နိုင်တဲ့ ဆိုရှယ်မီဒီယာ ကလည်းဒီနှစ်အတွင်းမှာ အသုံးတွင်ကျယ်လာပါတယ်။ အမေရိကန် NBA ဘတ်စကစ်ဘောနဲ့ TikTok တို့ သဘောတူညီချက်ရထားတဲ့အတွက် NBA ပွဲစဉ်အတိုတွေကို အမေရိကန်နိုင်ငံ အပါအဝင် နိုင်ငံတော်တော်များများက ကြည့်ခွင့်ရတော့မှာဖြစ်ပါတယ်။

MDN
ကိုးကား- AFP