ကမ္ဘာ့အသက်အကြီးဆုံး ဆူမားတြား အနီရောင် အမွေးရှည် မျောက်မကြီးသေဆုံး

ပါ့သ် ၁၉ ဇွန်

 

၁၉၆၈ ခုနှစ်က မလေးရှားနိုင်ငံမှ သြစတြေးလျနိုင်ငံသို့ လက်ဆောင်အဖြစ်ပေးခဲ့သည့် အသက် ၆၂ နှစ်အရွယ်ရှိ “ပူအန်” ဟုခေါ်သော အနီရောင် အမွေးရှည်မျောက်မကြီးသည် ပြီးခဲ့သည့် တနင်္လာနေ့က သြစတြေးလျနိုင်ငံ ပါ့(သ်) တိရစ္ဆာန်ရုံတွင် သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မျောက်မကြီးသည် ၎င်း၏မျိုးဆက်အဖြစ်  သားသမီး ၁၁ ကောင်နှင့် သားစဉ်မြေးဆက် ၅၄ ကောင်ကို မျိုးပွားပျံ့နှံ့စေနိုင်ခဲ့သည်။ “ကျွန်မတို့အဖွဲ့အတွက်လည်း အလုပ်တွေ အများကြီး လုပ်ပေးခဲ့ပြီးတော့ သူ့ရဲ့ မျိုးစိတ်တွေလည်း ရှင်သန်နိုင်ခဲ့ပါတယ်။ ကျွန်မတို့ရဲ့ ကမ္ဘာကျော် မွေးမြူရေး အစီအစဉ်မှာ ပါဝင်ခဲ့တဲ့ အသက်ကြီးဆုံး အဖွဲ့ဝင်ဖြစ်တဲ့အပြင် အံ့သြစရာကောင်းတဲ့ အမွေအနှစ်တွေလည်း ချန်ထားနိုင်ခဲ့ပါတယ်။ သူ့ရဲ့ မျိုးစိတ်ဟာ ကမ္ဘာလုံးဆိုင်ရာ သတ္တဗေဒမျိုးပွားမှု ၁၀ ရာခိုင်နှုန်းအောက်မှာ ရှိနေပါတယ်။” ဟု အဆင့်မြင့် နို့တိုက်သတ္တဝါဆိုင်ရာဆရာဝန် ဟော်လီ သွန်(ပ်)ဆန်က ပြောပြသည်။

 

အဆိုပါ မျောက်မကြီးသည် အမေရိကန်၊ ဥရောပ၊ သြစတြေးလျနှင့် ဆူမားတြားတော အစရှိသည့် နေရာများသို့ မျိုးစိတ်များ ပျံ့နှံ့နိုင်စေခဲ့သည့်။ သူ၏ မြေးအကြီးဆုံးဖြစ်သည့် “နီအာရု” သည် တောရိုင်းတိရစ္ဆာန်အဖြစ် လွှတ်ပေးရန် နောက်ဆုံးကျန်ရှိသည့် မျိုးစိတ်ဖြစ်သည်။ 

 

“ပူအန်” အား ကမ္ဘာ့အသက်ကြီးဆုံး ဆူမားတြား အနီရောင်အမွေးရှည် မျောက်အဖြစ် ဂင်းနစ်မှတ်တမ်း စာအုပ်တွင် အသိအမှတ်ပြုခဲ့သည်။ “ ပူအန်” သေဆုံးသွားပြီးနောက် သားသမီးဖြစ်သူ အမနှစ်ကောင်၊ မြေးအဖြစ် လေးကောင်နှင့် အရွယ်ရောက်ပြီး မြေးအဖြစ် အထီးတစ်ကောင် ကျန်ခဲ့ကြောင်း သိရသည်။

 

MDN
ကိုးကား - AFP