နေပြည်တော် ဇန်နဝါရီ ၁၂
၂၀၂၅ ခုနှစ် ကမ္ဘာ့ဟင်ဒီနေ့ အခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံသံရုံး၊ Swami Vivekananda ယဉ်ကျေးမှုစင်တာ၌ ကျင်းပသည်။
အခမ်းအနားသို့ အိန္ဒိယသံရုံးမှ တာဝန်ရှိသူများ၊ ဟင်ဒီဘာသာစကားကို စိတ်ဝင်စားကြသော ဝါသနာရှင်များ၊ စာရေးဆရာများ၊ UP Bihar Parishad၊ Ramayana Prachar Prasar Samiti, Yangon၊ Myanmar Hindi Teachers' Association၊ Arya Samaj နှင့် ဘာသာရေးအဖွဲ့အစည်းအသီးသီးမှ ကြီးမှူးသော ကျောင်းများမှ တာဝန်ရှိသူများနှင့် ကျောင်းသားများ တက်ရောက်ကြသည်။
ဦးစွာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး Shri Abhay Thakur နှင့် ဧည့်သည်တော်များက အခမ်းအနားကို ဆီမီးထွန်း ဖွင့်လှစ်ကြပြီး သံအမတ်ကြီး Shri Abhay Thakur က မိန့်ခွန်း ပြောကြားသည်။
ထို့နောက် ဟင်ဒီဘာသာဖြင့် ကဗျာရွတ်ဆိုခြင်း၊ ဟောပြောခြင်း၊ အထွေထွေဗဟုသုတ ပဟေဠိများနှင့် စာစီစာကုံး ရေးသားခြင်း၊ ကျောင်းသားများနှင့် ဆရာများပါဝင်သော ပြိုင်ပွဲများကျင်းပခြင်းတို့ကို ဆောင်ရွက်ကြပြီး "Hindi: Vishwa bandutav ki bhasha" စာအုပ် မိတ်ဆက်အစီအစဉ်ကို ဆောင်ရွက်သည်။
ယင်းနောက် သံအမတ်ကြီး Shri Abhay Thakur က မြန်မာနိုင်ငံရှိ ဟင်ဒီဘာသာစကား သင်ကျောင်းများအတွက် ဖတ်စာအုပ်များကိုပေးအပ်ပြီး ဖျော်ဖြေရေးအစီအစဉ်များကို ဆက်လက် ကျင်းပခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်