ကမ္ဘာလှည့် ခရီးသည်များအတွက် ဗီဇာကင်းလွတ်ခွင့် (Visa Exemption) နှင့် ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) Visa on Arrival (Tourist) စမ်းသပ်ခွင့်ပြုမှုအား (၁) နှစ်ထပ်တိုး ဆောင်ရွက် သွားမည်

နေပြည်တော် ၁၆   သြဂုတ် 


ဂျပန်နှင့် တောင်ကိုးရီးယား နိုင်ငံသားများ၊ တရုတ်နိုင်ငံ၏ ဟောင်ကောင်နှင့်မကာအို အထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့် ခရီးသည်များအတွက်(Tourist Visa) ကို ဗီဇာကင်းလွတ်ခွင့် (Visa Exemption) ဖြင့်လည်းကောင်း၊ တရုတ်နိုင်ငံသားခရီးသည်များအနက် လေကြောင်းဖြင့် လာရောက်သည့် ခရီးသည်များအတွက် ကမ္ဘာလှည့်ဗီဇာ (Tourist Visa) ကို ဆိုက်ရောက်ဗီဇာ (Visa on Arrival) ဖြင့်လည်းကောင်း ၁-၁၀-၂၀၁၈ ရက်နေ့မှ ၃၀.၉.၂၀၁၉ ရက်နေ့အထိ စမ်းသပ်ကာလ(၁)နှစ် သတ်မှတ်၍ ဝင်ရောက်ခွင့်ပြုခဲ့ပြီး အိန္ဒိယနိုင်ငံသား ခရီးသည်များအနက် လေကြောင်းဖြင့်လာရောက်သည့် ခရီးသည်များကို ဆိုက်ရောက်ဗီဇာ(ကမ္ဘာလှည့်) Visa on Arrival (Tourist) ဖြင့် ၁-၁၂-၂၀၁၈ ရက်နေ့မှစ၍ စမ်းသပ်ကာလ (၁) နှစ် သတ်မှတ်၍ ခွင့်ပြုခဲ့ပြီးဖြစ်သည်။


အဆိုပါ ဂျပန်နှင့် တောင်ကိုးရီးယား နိုင်ငံသားများ၊ တရုတ်နိုင်ငံ၏ ဟောင်ကောင်နှင့် မကာအို အထူးအုပ်ချုပ်ရေးဒေသမှ ကမ္ဘာလှည့် ခရီးသည်များအတွက် (Tourist Visa) ကို ဗီဇာကင်းလွတ်ခွင့်၊ လေကြောင်းဖြင့် လာရောက်သည့် တရုတ်နိုင်ငံသားခရီးသည်များအတွက် ကမ္ဘာလှည့်ဗီဇာ (Tourist Visa) ကို ဆိုက်ရောက်ဗီဇာ (Visa on Arrival) ဖြင့် ခွင့်ပြုထားမှုအား ၁-၁၀-၂၀၁၉ ရက်နေ့မှ ၃၀.၉.၂၀၂၀ ရက်နေ့အထိနှင့် လေကြောင်းဖြင့် လာရောက်သည့် အိန္ဒိယနိုင်ငံသား ခရီးသည်များကို ဆိုက်ရောက်ဗီဇာ (ကမ္ဘာလှည့်) Visa on Arrival (Tourist) ဖြင့် ၁-၁၂-၂၀၁၉ ရက်နေ့မှ ၃၀.၁၁.၂၀၂၀ ရက်နေ့အထိ စမ်းသပ်ကာလ(၁)နှစ်စီ ထပ်မံသက်တမ်းတိုးခွင့် ပြုသွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။


MDN
Credit-Ministry of Hotels and Tourism