ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး အချက်အလက် (၁၀) ချက်

၁၀ စက်တင်ဘာ

 

 

တရုတ်နိုင်ငံကနေ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကြောင့် ကမ္ဘာတစ်ဝန်းမှာ အသွားအလာကန့်သတ်မှုတွေနဲ့ မျက်နှာဖုံးဝတ်ဆင်နေရတာတွေပါ တွေ့နေရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ပိုးကို ကပ်ရောဂါအဖြစ် ကြေညာခဲ့တာလည်း ၆ လရှိပြီဖြစ်ပါတယ်။

 

 

ပြီးခဲ့တဲ့နှစ်ကနေ စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ကမ္ဘာတစ်ဝန်းမှာ သေဆုံးသူ ၉ သိန်းကျော်နဲ့ ရောဂါပိုးတွေ့ရှိသူ ၂၇ ဒသမ ၇ သန်းကျော်ရှိတာကို တွေ့ရပါတယ်။

 

(၁) ဗိုင်းရပ်စ်ပိုးကြောင့် ပထမဆုံးသေဆုံးမှု

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တရုတ်နိုင်ငံ ဟူဘေပြည်နယ်ရဲ့ မြို့တော် ဝူဟန်မြို့မှာ တုပ်ကွေးရောဂါ လိုမျိုး အမျိုးအမည်မသိတဲ့ ရောဂါကြောင့် အစုလိုက်အပြုံလိုက် ဖျားနာနေကြောင်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ သတိပြုခဲ့ပါတယ်။

 

သုံးရက်ကြာ ပြီးနောက် တရုတ်အစိုးရရဲ့ ဝန်ခံချက်ရရှိပြီး ဇန်နဝါရီ ၇ ရက် ၂၀၂၀ ပြည့်နှစ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကို သတ်မှတ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် ၄ ရက်အကြာမှာ ဝူဟန်မှာ ရောဂါပိုးကြောင့် ပထမဆုံးသေဆုံးသူရှိကြောင်း တရုတ်အစိုးရက ကြေညာခဲ့ပါတယ်။

 

(၂) ဝူဟန်မြို့ ကမ္ဘာနဲ့ အဆက်သွယ်ဖြတ်ခံရ

 

ဝူဟန်မြို့ကို ဇန်နဝါရီ ၂၃ ရက်နေ့ ကမ္ဘာနဲ့ အဆက်သွယ်ဖြတ်ခံခဲ့ရပြီး နှစ်ရက်အကြာမှာ ဟူဘေပြည်နယ်တစ်ခုလည်း ကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်ခဲ့ပါတယ်။ အဲဒီရက်ပိုင်းမှာပဲ တခြားနိုင်ငံတွေက တရုတ်ပြည်ရောက်နေတဲ့ သူတို့ နိုင်ငံသားတွေကို ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။

 

ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ပြင်သစ်နိုင်ငံတွင် တရုတ်ခရီးသွားတစ်ဦးမှာ ဗိုင်းရပ်စ်တွေ့ရှိခဲ့ပါတယ်။

 

(၃) ကပ်ရောလို့ ကြေညာ

 

- မတ် ၆ ရက်မှာ ကမ္ဘာတစ်ဝန်းမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ တစ်သိန်းကျော်ရှိလာ

- မတ်၈ ရက်နေ့မှာ အီတလီမြောက်ပိုင်းဟာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူများပြားတဲ့အတွက် အသွားအလာကန့်သတ်

- မတ် ၁၁ ရက်နေ့မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကပ်ရောဂါအဖြစ်ကြေညာ

- ကမ္ဘာ့စတော့ဈေးကွက် ပျက်

- အစိုးရတွေနဲ့ ဗဟိုဘဏ်တွေတွေက စီးပွားရေးကို ကယ်ဆယ်ရန် အစီအစဉ်အတွေ စတင်ပြုလုပ်

 

(၄) ဉရောပမှာ အသွားအလာကန့်သတ်မှု စတင်

 

မတ် ၁၄ ရက် စပိန်မှာ အသွားအလာကန့်သတ်ပြီး မတ် ၁၇ ရက်နေ့တွင် ပြင်သစ်မှာ အသွားအလာကန့်သတ်လိုက်သလို ဂျာမနီနဲ့ဗြိတိန်နိုင်ငံတွေက နိုင်ငံသားတွေကို နေအိမ်မှာပဲ နေဖို့ ပြောဆို၊ အဲဒီနောက် ဉရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၂၇ နိုင်ငံက နယ်စပ်တွေကို ပိတ်လိုက်ပါတယ်။

 

(၅) လူသားတွေအပေါ်မှာ ခြိမ်းခြောက်မှုဖြစ်လာ

မတ် ၂၄ ရက်နေ့မှာ တိုကျို အိုလံပစ် ၂၀၂၀ ပြိုင်ပွဲကို တစ်နှစ် နောက်ဆုတ်လိုက်ကြောင်း၊

မတ် ၂၅ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂက ကပ်ရောဂါပိုးဟာ လူသားမျိုးနွယ်တစ်ခုလုံးကို ခြိမ်းခြောက်နေကြောင်း သတိပေးလိုက်ပါတယ်။

 

(၆) ကမ္ဘာ့လူဦးရေရဲ့ တစ်ဝက်နီးပါးက နေအိမ်တွေမှာနေရ

 

ကမ္ဘာ့တစ်ဝန်းဟာ အသွားအလာကန့်သတ်မှုတွေ ပြဌာန်းလိုက်ရာ ဧပြီ ၂ ရက်နေ့မှာ ကမ္ဘာ့လူဦးရေ ၃ ဒသမ ၉ ဘီလီယံ ဟာ နေအိမ်တွေမှာ နေထိုင်ကြရပါတယ်။ အဲဒီနေ့မှပဲ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူဟာ ၁ သန်း ကျော်ခဲ့ပါတယ်။

 

(၇) စီးပွားရေးကျဆင်းမှု

 

ဧပြီ ၂၉ ရက်နေ့မှာ အမေရိကန်လေယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီ ဘိုးရင်းက လုပ်သား ၁၆,၀၀၀ ကို အလုပ်မှ ရပ်နား၊

အဲဒီနောက် တခြားသောစီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ လေကြောင်းလိုင်းတွေနဲ့ ကားထုတ်လုပ်ရေးလုပ်ငန်းတွေမှာ လုပ်သားလျှော့ချ

 

(၈)အငြင်းပွားစရာ ဟိုက်ဒရောက်စီကလိုရိုကွင်း ဆေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါပိုးရှိသူတွေကို ငှက်ဖျားဆေး ဟိုက်ဒရောက်စီကလိုရိုကွင်းဆေးနဲ့ ကုသနိုင်တယ်လို့ ပြောဆိုချိန် မေ ၂၂ ရက်နေ့ထုတ် The Lancet ဆေးပညာဂျာနယ်ကနေ အဲဒီဆေးနဲ့ ကုသမရနိုင်ကြောင်း ထုတ်ပြန် သလို ဇွန် ၅ ရက်နေ့မှာ ဗြိတိန်က သုတေသနပညာရှင်များကလည်း အလားတူ ထုတ်ပြန်ပြောဆို

 

(၉) လက်တင်အမေရိကန်နိုင်ငံတွေမှာ ထိခိုက်မှုရှိလာ

ဇွန် ၇ ရက်နေ့မှာ လက်တင်အမေရိကန်နိုင်ငံတွေမှာ သေုံးသူ ၄၀၀,၀၀၀ အထိ ဖြစ်လာပြီး ဘရာဇီးနိုင်ငံဟာ အမေရိကန်နိုင်ငံပြီး  ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ဒုတိယအများဆုံးနိုင်ငံဖြစ်လာ

 

(၁၀) မျက်နှာဖုံးဝတ်ရမလား၊ မဝတ်ရဘူးလား

 

ဉရောပနိုင်ငံတော်တော်များများမှာ မျက်နှာဖုံးဝတ်ရမလား၊ မဝတ်ရဘူးလားဆိုတာကို အနည်းပွားမှုတွေဖြစ်နေပါတယ်။ အဲဒီနောက် ဉရောပနိုင်ငံအချို့က မျက်နှာဖုံးဝတ်ရမယ်လို့ ပြဌာန်းခဲ့ပါတယ်။

 

ဩဂုတ်လကုန်ပိုင်းနဲ့ စက်တင်ဘာ အစောပိုင်းမှာ မျက်နှာဖုံး မဝတ်ဆင်ရေး ဆန္ဒပြပွဲတွေကို ဘာလင်၊ လန်ဒန်၊ ပဲရစ် နဲ့ ရောမ မြို့တွေမှာ ကျင်းပခဲ့ပါတယ်။

 

 

MDN

ကိုးကား- AFP