ကမမောင်းမြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသထား

ကမမောင်း ဒီဇင်ဘာ ၂၀

 

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်အသစ်လဲလှယ် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါဝင်သည့် ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများ ပြသဆောင်ရွက်ထားကြောင်း သိရသည်။

 

အဆိုပါ အသိပညာပေးနံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ဖြစ်သော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးတို့ကိုချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ဒေသနေပြည်သူများ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်ပြီး အကျယ်တဝင့် သိရှိစေရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါဝင်သည့် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ ပါဝင်သည့် ဗီနိုင်းပိုစတာများ ပြသဆောင်ရွက်ထားရာ ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)