ကျွန်းစုမြို့တွင် ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသား ဘောလုံးပြိုင်ပွဲ ကျင်းပ

ကျွန်းစု ဒီဇင်ဘာ ၂၀

 

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် TSDP အစီအစဉ်အရ ကျင်းပပြုလုပ်သော ကပအုပ်စု အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၉ ရက် မွန်းလွဲပိုင်းက ကပအုပ်စု၊ ကတန်ကျေးရွာဘောလုံးကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ကျွန်းစုမြို့မအသင်းနှင့် မရမ်းချောင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ကျွန်းစုမြို့မအသင်းက ၂ ဂိုးပြတ်ဖြင့် မရမ်းချောင်းအသင်းကို အနိုင်ရရှိသည်။ အဆိုပါ ဘောလုံးပြိုင်ပွဲကို ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ ကြည့်ရှုအားပေးခဲ့ကြသည်။

 

ပြိုင်ပွဲတွင် ကျွန်းစုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအသီးသီးမှ (၁၃)အသင်း၊ ပြိုင်ပွဲဝင်ကစားသမား (၂၃၄)ဦး ဝင်ရောက်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ပြီး ပြိုင်ပွဲကို တစ်နေ့ (၂)ပွဲနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်ကာ ဗိုလ်လုပွဲကို လာမည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)