ကြံခင်းမြို့၌ ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၂/၂၀၁၈) ဖွင့်

ကြံခင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ သူနာပြုတပ်ဖွဲ့ ရှေးဦးပြုစုခြင်း (အခြေခံသင်တန်း) (၂/၂၀၁၈)ကို ဒီဇင်ဘာ ၂၂ ရက်က ကြံခင်းမြို့ ဧရာဦးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းဖွင့်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လွင်နှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ နာယကကြီးမှ အဖွင့်အမှာစကား ပြောကြားပြီး ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌ ဦးကြည်ဝင်းမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

 

သင်တန်းကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိ သင်တန်းသား (၅၀)ဦးအား ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

ပို့ပို့ (ပြန်/ဆက်)