ကွန်ပျူတာတက္ကသိုလ်(စစ်တွေ) မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

စစ်တွေ  ၁၆  ဇန်နဝါရီ 


ကွန်ပျူတာတက္ကသိုလ် (စစ်တွေ)၏ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဇန်နဝါရီလ ၁၅ ရက် နံနက် ၉ နာရီတွင် ကွန်ပျူတာတက္ကသိုလ် စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ာိည

 

ရှေးဦးစွာ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ကွန်ပျူတာတက္ကသိုလ် (စစ်တွေ) ကျောင်းအုပ်ကြီး ဒေါက်တာ ဇော်ထွန်းနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ရက္ခမဏ္ဏိုင် မင်္ဂလာစည်တော် အဖွဲ့က မင်္ဂလာပိုဒ်စုံရတုဖြင့် တီးခတ်သီဆိုကြသည်။ 

 

ာိည

 

ထို့နောက် ကျောင်းသား၊ ကျောင်းသူများက မြကျွန်းညိုညို သီချင်းဖြင့် သီဆိုဖြေဖျော်ကြပြီး ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများက ထူးချွန် ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်ကြသည်။ 


ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများ၊ ယိမ်းအကများဖြင့် ဖြေဖျော်ခဲ့ကြကြောင်း သိရသည်။


တင်ထွန်း(ပြန်/ဆက်)

 

ာိည