KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလားသူများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမား ပူးပေါင်းအဖွဲ့က ထိုင်း-မြန်မာ အမှတ်(၂)ချစ်ကြည်ရေးတံတားအနီး လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား လာရောက်ပစ်ခတ်တိုက်ခိုက်

နေပြည်တော်၊ ဧပြီ ၂၀

KNU အဖွဲ့မှ  အကြမ်းဖက်မှုကို လိုလားသူများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားပူးပေါင်း အဖွဲ့တို့သည် ကရင်ပြည်နယ် မြဝတီမြို့နယ်   ထိုင်း-မြန်မာ  အမှတ် (၂) ချစ်ကြည်ရေးတံတားအနီး လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် တပ်ဖွဲ့ဝင်များအား လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ နှစ်နိုင်ငံချစ်ကြည်ရေးတံတားအနီး လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား ယနေ့နံနက်ပိုင်း တွင် KNU အဖွဲ့မှ အကြမ်းဖက်မှုကိုလိုလား သူများ၊ KKO (ခွဲထွက်)အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမား ပူးပေါင်းအဖွဲ့တို့က နှစ်နိုင်ငံနယ်စပ်နယ်နိမိတ်အနီး တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေရန်၊ နယ်စပ်ဒေသရှိ နှစ်နိုင်ငံ ပြည်သူလူထုတို့အား ကြောက်ရွံ့ထိတ်လန့်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop bomb များဖြင့် ပစ်ချတိုက်ခိုက်ခြင်းတို့ကို သာလွန်အင်အား အသုံးပြု၍ တိုက်ပွဲ ဖော်ဆောင်လာခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ နှစ်နိုင်ငံနယ်စပ်နယ်နိမိတ်အနီး ဆင်ခြင်တုံတရားမဲ့စွာဖြင့် လက်နက်ကြီးများပစ်ခတ်ခြင်း၊ Drop bomb များပစ်ချတိုက်ခိုက်ခြင်းတို့ဖြင့် တိုက်ပွဲဖော်ဆောင်လာမှုအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ မလိုလားအပ်သော လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပေါ်လာမှု မရှိစေရေးတို့အတွက် ထိန်းထိန်းသိမ်းသိမ်းဖြင့် ပြန်လည်တုံ့ပြန်ဆောင်ရွက်လျက်ရှိပြီး  လေကြောင်းပစ်ကူ ပစ်အားရယူ၍  အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ရာ  အကြမ်းဖက်သူ ပူးပေါင်းအဖွဲ့သည် ယနေ့ ညနေ ၅ နာရီခန့်တွင်  အကျအဆုံးများစွာဖြင့် အနောက်ဘက်သို့ ပြန်လည်ဆုတ်ခွာ သွားခဲ့ကြောင်း သိရသည်။

သတင်းစဉ်