ကနူး၊ ကယက် ရော်ဘာလှေစီးခရီးစဉ် ဖော်ဆောင်နိုင်ရေး ရေတို/ရေရှည်စီမံချက် ရှင်းလင်းခြင်း အစည်းအဝေး ကျင်းပ

လွိုင်ကော် ၂၃  သြဂုတ် 


ကယားပြည်နယ်၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်ချက်များဖြင့် “ကနူး၊ ကယက် ရော်ဘာလှေစီးခရီးစဉ်နှင့် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း” (Boat Trip & Eco-Tourism Project) ကို အကောင်အထည်ဖော် ဆောင်ရွက်မည့် Ardent Alliance Co.,Ltd မှ တာဝန်ရှိသူများမှ ရေတို/ရေရှည်စီမံချက်များ ရှင်းလင်းတင်ပြခြင်းကို ယနေ့နံနက် ၁၀ နာရီက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ 


ရှေးဦးစွာ Ardent Alliance Co.,Ltd မှ တာဝန်ရှိသူ တစ်ဦီးမှ “ကနူး၊ ကယက်၊ ရော်ဘာလှေစီး ခရီးစဉ်နှင့် သဘာဝအခြေပြု ခရီးသွားလုပ်ငန်း” (Boat Trip & Eco-Tourism Project) ကို အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ရေတို/ရေရှည်စီမံချက်များကို အဆင့်ဆင့်သတ်မှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မြေပြင်အခြေအနေတွင် တွေ့ကြုံနေရသည့် အခြေအနေများ၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ တောင်သုံးလုံး အနီးတစ်ဝိုက်ရှိ မြေလွတ်မြေရိုင်း ဧရိယာတွင် ခရီးသွားလုပ်ငန်း ဖော်ဆောင်မည့် အခြေအနေများနှင့် ဆက်လက် လုပ်ဆောင်ရန် ကျန်ရှိသည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။


တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လိုအပ်သည်များ ဖြည့်စွက်အကြံပြု ဆွေးနွေးခဲ့ကြပြီး၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာန တာဝန်ရှိသူများအနေနှင့် သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။


အစည်းအဝေးသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ Ardent Alliance Co.,Ltd မှ တာဝန်ရှိသူများမှ တက်ရောက်ခဲ့ကြကြောင်းသိရသည်။


လွိုင်ကော်သား