ကျပ် ၅၀ဝ တန်ထီဖွင့်ပွဲ ဇန်နဝါရီ ၁ ရက် ကျင်းပမည်

ရန်ကုန် ၂၇ ဒီဇင်ဘာ

 

၁.၁.၂၀၁၉ (အင်္ဂါနေ့)တွင် (၂၂) ကြိမ်မြောက် ကျပ် ၅၀ဝ တန် အောင်ဘာလေသိန်းဆု ဖွင့်ပွဲကို အောင်ဘာလေသိန်းဆုဌာနခွဲတည်ရှိရာ အမှတ် (၃၈၄) မဟာဗန္ဓုလလမ်းနှင့် ၃၇ လမ်းထောင့် ကျောက်တံတားမြို့နယ် ရန်ကုန်မြို့ရှိ ထီဖွင့်ပွဲခန်းမဆောင်၌ နံနက် ၈ နာရီမှစတင်၍ တစ်ရက်တည်းဖြင့် အပြီးဖွင့်လှစ်မည်ဖြစ်သည်။

 

(၂၂)ကြိမ်မြောက် ကျပ် ၅၀ဝ တန် ထီဖွင့်ပွဲတွင် (“က” အက္ခရာမှ “အ” အက္ခရာ၊ “ကက” အက္ခရာမှ “ကဒ” အက္ခရာထိ) စုစုပေါင်း အက္ခရာလုံးရေ ၅၁ လုံး၊ ထီစာအုပ်ပေါင်း ၄၁၇၂၇၁၈ အုပ်ကို ထီထိုးသူများ ကံစမ်းနိုင်ရန်အတွက် ထုတ်ဝေရောင်းချခဲ့ရာ ကုန်စင်အောင်ရောင်းချခဲ့သည်။ ထီလက်မှတ် စာအုပ်ရောင်းရငွေပေါင်းမှာ ကျပ်သန်းပေါင်း ၂၀၈၆၃ ဒသမ ၅၉၀ ဖြစ်ပြီး ရောင်းရငွေ၏ ၆၀ ရာခိုင်နှုန်း ထီဆုငွေအဖြစ် ခွဲဝေပေးမည့်ငွေပေါင်းမှာ ကျပ်သန်းပေါင်း ၁၂၅၁၈ ဒသမ ၁၅၄ ဖြစ်သည်။

 

ယခု (၂၂) ကြိမ်မြောက် ကျပ် ၅၀ဝ တန် ထီပေါက်သည့် ကံထူးရှင်များအနက် ကျပ် ၁၀ သိန်းနှင့်အထက် ကံထူးရှင်များအား ထီဆုငွေထုတ်ပေးခြင်းကို ၂.၁.၂၀၁၉ ရက်မှစတင်၍ နေ့ချင်းပြီး ဆောင်ရွက်ပေးမည်ဖြစ်ပြီး ကျန်ကံထူးရှင်များအား ထီဆုငွေထုတ်ပေးခြင်းကို ၁၁.၁.၂၀၁၉ မှစ၍ လက်ခံဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းနှင့် ဆုငွေများကို ကိုယ်တိုင်ဖြစ်စေ၊ တရားဝင်ကိုယ်စားလှယ် လွှဲစာဖြင့်ဖြစ်စေ ရန်ကုန်မြို့နှင့်မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးများတွင် လျှောက်ထားတင်ပြ ထုတ်ယူနိုင်ပါကြောင်းနှင့် ကျပ် ၁၀ သိန်းနှင့်အောက် ဆုငွေများကို ရန်ကုန်မြို့နှင့်မန္တလေးမြို့ရှိ အောင်ဘာလေသိန်းဆု ဌာနခွဲရုံးများအပြင် ရန်ကုန်တိုင်းဒေသကြီးပြင်ပရှိ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများတွင် ထုတ်ယူနိုင်ပါကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန အသိပေးကြေညာချက်အရ သိရသည်။

 

မြန်မာ့အလင်း