ကရင် တိုင်းရင်းသားစာပေ သင်ကြားနေမှုအား မြို့နယ်ကရင်စာပေ ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ သွားရောက်ကြည့်ရှု

ငပုတော ၁၆ အောက်တိုဘာ   

 

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ် အတွင်းရှိသမ္မာဒေဝကျေးရွာအုပ်စု၊ အလယ်ကုန်းကျေးရွာရှိအခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ကျောင်းသား၊ ကျောင်းသူများ ကရင်တိုင်းရင်းသားစာပေ သင်ယူမှု အခြေအနေနှင့် တိုင်းရင်းသား ဆရာ၊ဆရာမများ၏သင်ကြားမှု အခြေအနေများကို ငပုတောမြို့နယ်ကရင် စာပေယဉ်ကျေးမှု အသင်းဥက္ကဋ္ဌ စောကျော်ဇောနှင့် အဖွဲ့ဝင်များက ယနေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။

 

ထို့နောက် အလယ်ကုန်းကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ် ဆရာမကြီးကကျောင်းသား၊ ကျောင်းသူလေးများ ကရင်တိုင်းရင်းသား စာပေသင်ယူမှု အခြေအနေများ၊တိုင်းရင်းသား ဆရာ၊ ဆရာမများ၏ သင်ကြားနေမှုအခြေအနေများအား လိုက်လံရှင်းလင်း ပြသပေးခဲ့ပြီး တိုင်းရင်းသား ကျောင်းသား၊ ကျောင်းသူကလေး များက မြို့နယ် ကရင်စာပေ ယဉ်ကျေးမှု အသင်းဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအား ကရင်စာကဗျာများ၊ ကရင်အမျိုးသားသီချင်းကို သီဆိုဆိုရွတ်ပြခဲ့ကြောင်း သိရသည်။

 

လှမင်းထွဋ်(ပြန်/ဆက်)