ကယားပြည်နယ်နေ့ အထိမ်းအမှတ် ကန္ဒရဝတီအလှမယ်နှင့် ကာယဗလမောင်ပြိုင်ပွဲ ကျင်းပ

လွိုင်ကော် ၁၅ ဇန်နဝါရီ

 

(၆၇)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် ကန္ဒရဝတီအလှမယ်နှင့် ကာယဗလမောင်ပြိုင်ပွဲကို ဇန်နဝါရီ ၁၄ ရက် ညနေ ၆ နာရီအချိန်တွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၏ ဇနီး၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတင်မြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပွဲတော်လာရောက်ကြသော ပြည်သူလူထုများ လာရောက်ကြည့်ရှု အားပေးကြကြောင်း သိရသည်။

 

1

 

ရှေးဦးစွာ ပြိုင်ပွဲဝင် ကန္ဒရဝတီအလှမယ် ၁၆ ဦးနှင့် ကာယဗလမောင် ၁၆ ဦးတို့က တစ်ဦးချင်းစီ ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ရရှိသူများအား တာဝန်ရှိသူများက ဆုများ ချီးမြှင့်ခဲ့သည်။

 

2

 

ကန္ဒရဝတီအလှမယ်ပြိုင်ပွဲတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကိုယ်စားပြု မနန်းသက်စိုးစံက ပထမဆု၊ ပြည်နယ်ရဲတပ်ဖွဲ့နှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ကိုယ်စားပြု မဂျူးဂျူးထက်စံက ဒုတိယဆု၊ လွိုင်ကော်တက္ကသိုလ်/ နည်းပညာတက္ကသိုလ်/ ကွန်ပျူတာတက္ကသိုလ်/ ပညာရေးကောလိပ် ကိုယ်စားပြု မအင်ကြင်းရွှေက တတိယဆု ရရှိပြီး ကာယဗလမောင်ပြိုင်ပွဲတွင် ပန်းသီရီဒေါ ကိုယ်စားပြု မောင်အောင်ပြည့် ပထမဆု၊ မိုင်းလုံးရပ်ကွက် ကိုယ်စားပြု မောင်ဇော်မင်းထွန်း ဒုတိယဆု၊ နောက်ယားရပ်ကွက် ကိုယ်စားပြု မောင်အောင်ဇော်ဇော် တတိယဆုတို့ ရရှိကြကြောင်း သိရသည်။

 

ထွန်းလေး