ကယန်းအမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်

လိပ်သို ၁၀ ဒီဇင်ဘာ

 

ကရင်ပြည်နယ်  လိပ်သိုမြို့  ကျေးကတော့ကျေးရွာ၌ ကယန်းအမျိုးသား နှစ်သစ်ကူးနေ့ အထိမ်းအမှတ်  ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲစဉ်ကို ဒီဇင်ဘာ ၉ ရက် မွန်းလွဲပိုင်းက ကျင်းပရာ ဗိုလ်လုပွဲစဉ်တွင် လိပ်သိုလူငယ်အသင်းက ကျေးကတော့မြို့သစ် အသင်းကို  လေးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

 

ပွဲစဉ်အပြီးတွင်  ပထမဆုရရှိသူ လိပ်သိုလူငယ်အသင်းအား  ကယန်းစာပေနှင့် ယဉ်ကျေးမှု ဗဟိုကော်မတီနာယက ဦးဂေဂေါ်ရီက လည်းကောင်း၊ ဒုတိယဆုရရှိသူ  ကျေးကတော့မြို့သစ် လူငယ်အသင်းအား  ကယန်းပြည်သစ်ပါတီ အမှတ်(၃)မြို့နယ်ဥက္ကဋ္ဌတို့က လည်းကောင်း ဆုများချီးမြှင့်ပေးခဲ့ကြကြောင်း သိရသည်။

 

လိပ်သို(ပြန်/ဆက်)