Latest News
နောက်ဆုံးရသတင်းများ
ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များသို့ ရန်ပုံငွေနှင့် စာအုပ်များပေးအပ်လှူဒါန်း
10/07/19
မွန်ပြည်နယ်၊ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ရန်ပုံငွေ ကြီးကြပ်ရေးကော်မတီမှ သထုံခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များသို့ စာအုပ်များ ဝယ်ယူရန်နှင့် ပရိဘောဂများ ဖြည့်ဆည်းနိုင်ရေး ရန်ပုံငွေ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီအချိန်က သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၏ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကျင်းပသည်။
ချောင်းဆုံမြို့နယ် အပြိုင်ကျေးရွာတွင် သက်ငယ်မုဒိမ်းမှု ကင်းစင်ရေး အသိပညာပေးဆွေးနွေး ကျင်းပ
10/07/19
မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အတွင်းရှိ ကလေးသူငယ်များအား မုဒိမ်းမှုကျူးလွန်ခြင်းမှ ကြိုတင်ကာကွယ်တတ်စေရန်အတွက် ---------
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် ဝန်ထမ်းများနှင့် တွေ့ဆုံ
10/07/19
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုး ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများ၊ မျိုးစေ့ထုတ်ခြံတာဝန်ခံများ၊ စိုက်ကွင်းတာဝန်ခံများနှင့် တွေ့ဆုံပွဲကို ယနေ့ ညနေပိုင်းက တိုင်းစိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဖောင်းပြင်မြို့နယ်တွင် လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်း ဖွင့်လှစ်
10/07/19
ဖောင်းပြင် ၁၀ ဇူလိုင်
၂ဝ၂ဝ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်များ မဲပေးပိုင်ခွင့် အပြည့်အဝ ရရှိစေရန်အတွက် လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်း၊ အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ
10/07/19
လူငယ်ထုအတွင်း ခြိမ်းခြောက်နေသော မူးယစ်ဆေးဝါး အန္တရာယ်ကို တားဆီးကာကွယ်နိုင်ရန်အတွက် ---------
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (တတိယနေ့)ကျင်းပ
10/07/19
ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) (တတိယနေ့)ကို ၂၀၁၉ခုနှစ် ဇူလိုင်လ (၁၀) ရက် -------
ချင်းတွင်းမြစ်ရေ စိုးရိမ်အမှတ်သို့ မကြာမီ ရောက်ရှိနိုင်
10/07/19
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၁၃၆၀ စင်တီမီတာရှိရာ ယနေ့နံနက် ၆ နာရီခွဲ တိုင်းထွာချက်အရ မိုးရေချိန် ၈ ဒသမ ၁၅ လက်မရှိပြီး ချင်းတွင်းမြစ်၏ စိုးရိမ်ရေ အမှတ်သည် ၁၁၄၀ စင်တီမီတာသို့ ရောက်ရှိလာပြီဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက တိုင်းထွာရေး (၃) ဦးတန်ဆိုင်းပြောပြချက်အရ သိရသည်။
ဗောဓိတထောင် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း ဇူလိုင်လ (၁၄)ရက်နေ့ဖွင့်လှစ်မည်
10/07/19
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ခတက္ကန်(တောင်)ကျေးရွာ ဗောဓိတထောင် သာသနာ့နယ်မြေအတွင်းရှိ ဗောဓိတထောင် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်းအား ဇူလိုင်လ (၁၄)ရက်နေ့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာသစ်ထုတ်ရေးဒေသမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးဇော်ဝင်းသိန်း၏ ပြောကြားချက်အရ သိရသည်။
ကော့မှူး၌ လမ်းဖြတ်ကူးသူအား မော်တော်ယာဉ်ဝင်တိုက်
10/07/19
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ် ဇရပ်ကုန်ကျေးရွာ၌ ဇူလိုင် ၉ ရက်နံနက်က လမ်းဖြတ်ကူးသူအား ယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
လဟယ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်သဖြင့် လူနေအိမ်နှစ်လုံး အရေးပေါ် ရွှေ့ပြောင်းပေး
10/07/19
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့တွင် ဇူလိုင် ၉ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျမှုများ ဖြစ်ပေါ်သဖြင့် တိုးချဲ့ရပ်ကွက်-၁ ရှိ လူနေအိမ် ၂ လုံးမှ မိသားစုဝင် ၁၃ ဦးအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးမျိုးညီညီထံမှ သိရသည်။