Latest News
နောက်ဆုံးရသတင်းများ
ဆီဆိုင်မြို့နယ်တွင် ရောဂါမသိရဘဲ ကျွဲ(၉)ကောင်၊ နွား(၅)ကောင် သေဆုံးပြီး အချို့ ကျွဲ၊ နွား များ ရောဂါဖြစ်ပွားလျက်ရှိ
05/07/19
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ လွယ်ပွတ်ကျေးရွာအုပ်စု၊ ကောင်ဝါးတောင်ကျေးရွာတွင် ကျွဲ(၉)ကောင်၊ နွား(၅)ကောင် သေဆုံးပြီး တချို့ ကျွဲ၊ နွားများတွင် ရောဂါဖြစ်ပွား လျက်ရှိ ကြောင်း ဇူလိုင် ၅ ရက်နေ့တွင် လွယ်ပွတ်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
အသင်းခြောက်သင်း၊ ပြိုင်ပွဲရှစ်ခုနှင့် မြန်မာဘောလုံး
05/07/19
၂၀၁၉ ခုနှစ်မှာ နှစ်တစ်ဝက်ကုန်ဆုံး၍ ဒုတိယနှစ်ဝက်ထဲပင် ရောက်ရှိနေပြီဖြစ်သည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း လှုပ်ရှားမှုဆိုင်ရာ ရှင်းလင်းပွဲကျင်းပ
05/07/19
ရန်ကုန် ၅ ဇူလိုင်
မြန်မာနိုင်ငံကြက်ခြေနီအသင်းကို ခေတ်စနစ်နှင့်မကိုက်ညီတော့သည့် ဥပဒေဆိုင်ရာများကို ပြင်ဆင်နိုင်ရန်နှင့် ဥပဒေပြဋ္ဌာန်းအတည်ပြုပြီးပါက ညီလာခံခေါ်ယူ၍ ရွေးချယ်တင်မြှောက်ပွဲ လုပ်ဆောင်သွားရန် အစီအစဉ်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီ အသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာဒေါ်မြသူက ပြောသည်။
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအနေဖြင့် နိုင်ငံတကာအဆင့် အင်ဂျင်နီယာပညာရေး အသိအမှတ်ပြုခံရရေး ကြိုးပမ်းဆောင်ရွက်နေ
05/07/19
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီအနေဖြင့် နိုင်ငံတကာအဆင့် အင်ဂျင်နီယာပညာရေး အသိအမှတ်ပြုခံရရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း လမ်းမတော်မြို့နယ် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီရုံးတွင် ယနေ့ကျင်းပသော သတင်းစာရှင်းလင်းပွဲမှ သိရသည်။
တောင်ကုတ်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်အချို့ ရေနစ်မြုပ်မှုဖြစ်ပွား
05/07/19
တောင်ကုတ်မြို့နယ်တွင် ဇူလိုင် ၄ ရက်ညပိုင်းက မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကြိုးကြားကွင်း အုပ်စုဘက်မှ တောင်ကျရေများ စီးဝင်လာပြီး ရေထွက်ပေါက်နည်း၍ ရေစီးရေလာ ကောင်းမွန်မှုမရှိသော တောင်ကုတ်မြို့ ကံပိုင်ရပ်ကွက် သံတွဲလမ်းခွကွက်သစ်နှင့် တောင်ကုတ် - ပြည် လမ်းမကြီး အ.ထ.က (၁) နှင့် စီမံကိန်းရုံးအကြား ရေကျော်မှုများကြောင့် သိမ်တောင်ရပ်ကွက်ရှိ စဉ့်အိုးကြီးအနီး ရပ်ကွက်တို့တွင် ဇူလိုင် ၅ ရက် နံနက် ၄ နာရီမှ စတင်ကာ ရေကြီးနစ်မြုပ်လျှက်ရှိကြောင်း သိရသည်။
မြန်မာ့မီးရထား၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
05/07/19
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထား၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၄ ရက် နှင့် ၅ ရက်တွင် မြန်မာ့မီးရထားရုံးချုပ် ဘဝသံသရာ ခန်းမ၌ ကျင်းပသည်။
ရုပ်သံလွှင့်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
05/07/19
ရုပ်သံလွှင့်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ
05/07/19
နေပြည်တော် ၅ ဇူလိုင်
ပဲတီစိမ်းဈေးနှုန်းများ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် တစ်သောင်းကျော် ပြန်လည်မြင့်တက်လာ
05/07/19
မန္တလေးဈေးကွက်တွင်ပြီးခဲ့သည့် ဇွန်လနောက်ဆုံးပတ်အထိ ဈေးဆက်တိုက် ကျဆင်းနေသော ပဲတီစိမ်း ဈေးနှုန်းများ အပြိုင်ဝယ်လိုအားကြောင့် ယခုရက်ပိုင်းအတွင်း သုံးတင်းဝင်တစ်အိတ်လျှင် ကျပ်တစ်သောင်းကျော် ပြန်လည်မြင့်တက်လာကြောင်း မန္တလေး ပဲကုန်သည်များမှ ပြောကြားသည်။