Latest News

နောက်ဆုံးရသတင်းများ

ဒေးဒရဲမြို့၌ ရာသီတုပ်ကွေး (H1N1)ရောဂါအကြောင်း  အသိပညာပေး ဟောပြော

အလှအပနှင့်ကျန်းမာရေး

29/06/19

ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ရာသီတုပ်ကွေး (H1N1)ရောဂါကြိုတင် ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ...........

နည်းပညာဆိုင်ရာ လုံခြုံမှုအဆင့်မြှင့်တင်ထားသည့် ခ၊ ဂ၊ ဃ နှင့် င ယာဉ်မောင်းလိုင်စင် Smart Card များကို ကောက်ခံသည့်နှုန်းထား ပြောင်းလဲခြင်းမရှိဘဲ ၂၀၁၉ ခုနှစ်၊ ဇူလိုင် ၁ ရက်မှ စတင်ပြောင်းလဲထုတ်ပေးသွားမည်

ပြည်တွင်း

29/06/19

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် လက်ရှိထုတ်ပေးလျက်ရှိသော Smart Card ယာဉ်မောင်းလိုင်စင်များကို မသမာသူများက အခကြေးငွေရယူ၍ မရိုးမသားတုပပြုလုပ် ဆောင်ရွက်မှုများရှိသဖြင့် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ်အတွင်း ဖော်ထုတ်ဖမ်းဆီးခဲ့ရာ စုစုပေါင်း တရားခံ ၁၇ ဦး အပါအဝင် ယာဉ်မောင်းလိုင်စင်ကတ်အတုများ၊ အတုပြုလုပ်သည့်စက်နှင့် ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ပြီးဖြစ်သည်။ ထိုသို့ ယာဉ်မောင်းလိုင်စင်အတုပြုလုပ်ခြင်းများ အလွယ်တကူ မဆောင်ရွက်နိုင်စေရန်နှင့် နိုင်ငံတကာအဆင့်မီ လုံခြုံမှုအစီအမံများ ပါဝင်သည့် SSmart Card ယာဉ်မောင်းလိုင်စင်များဖြစ်စေရန် ရည်ရွယ်၍ လုံခြုံမှုအဆင့်မြှင့်တင်ခြင်းအား ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တည် လမ်းပိုင်းရှိ တံတားနှစ်စင်း ပျက်စီး

ပြည်တွင်း

29/06/19

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တည် လမ်းပိုင်းရှိ ကြိုးတံတားတစ်စင်း ချောင်းရေတိုက်စားမျောပါပြီး ဘေလီတံတားတစ်စင်း ကမ်းကပ်ခုံနိမ့်ကျမှုဖြစ်ခဲ့ကြောင်း ထိန်ချုံး- မြစ်ကြီးနား လမ်းဖောက်လုပ်ရေးကုမ္ပဏီမှ သိရသည်။

မြစ်ရေအခြေအနေ

မိုးလေဝသ

29/06/19

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ (၂၉.၆.၂၀၁၉) ရက်နေ့ နံနက် (ဝ၆း၃၀) နာရီအချိန်တွင် တိုင်းတာရရှိ သောမြစ်ရေ အခြေအနေများ ..

ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက် 

မိုးလေဝသ

29/06/19

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေပါသည်။

မကွေးတိုင်း၌ အာဆီယံအဆင့်မီ ဟိုတယ်ဝန်ဆောင်မှုသင်တန်း ၅ ကြိမ်ဖွင့်လှစ်ခဲ့ပြီး  အဆင့်မီ သင်တန်းသား(၄၄၀)ဦးထိ ရှိနေပြီဖြစ်

ယဉ်ကျေးမှုနှင့် ခရီးသွား

29/06/19

မကွေးတိုင်းဒေသကြီး၌ တည်းခိုအိပ်ခန်းပေါင်း(၁၀၈၃)ခန်းပါဝင်သည့် ဟိုတယ်၊ မိုတယ် ၄၄လုံး ရှိနေပြီး အစိုးရသစ်ကာလ၌ အာဆီယံအဆင့်မီ ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၅)ကြိမ် ဖွင့်လှစ်ခဲ့ကာ ...........

မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပ

ပြည်တွင်း

29/06/19

၂၀၁၉ ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် အထက်တန်းနှင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ..........

မင်းလှမြို့နယ်၌ လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံမဲဆန္ဒရှင်စာရင်းပြုစုခြင်း ဆင့်ပွားသင်တန်းဖွင့်

ပြည်တွင်း

29/06/19

မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့အနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လူဦးရေစာရင်းအချက်အလက်များ ကောက်ယူပြုစုခြင်းဆိုင်ရာဆင့်ပွား သင်တန်းဖွင့်ပွဲကို ..........

မိုင်းယောင်း၌ ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန် ပြိုင်ပွဲကျင်းပ

ပြည်တွင်း

29/06/19

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကို ဇွန် ၂၉ ရက်နေ့ နံနက် ၅ နာရီက ကျင်းပခဲ့သည်။

နမ့်ဆန်၌ မီးဘေးကြိုတင်ကာကွယ်ရေး ကျေးရွာ(၃၇)ရွာအား အပေါ့စားမီးသတ်စက် ထောက်ပံ့ပေး

ပြည်တွင်း

29/06/19

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ မီးဘေးကြိုတင်ကာကွယ်ရေး အပေါ့စားမီးသတ်စက်များကို ပြည်ထောင်စုလွှတ်တော်ရံပုံငွေဖြင့် ရပ်ကွက်/ကျေးရွာ (၃၇)ရွာအား ...........