Latest News

နောက်ဆုံးရသတင်းများ

လမ်းဘေးတွင်  ရပ်တန့်ထားသော ၆ ဘီးယာဉ်အား  ၁၂ ဘီးယာဉ်မှ ဝင်တိုက်မိ၍  ယာဉ်မောင်းတစ်ဦး သေဆုံး

မှုခင်း

14/06/19

ဝက်လက် ၁၄ ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ဇွန် ၁၄ ရက်  နံနက်  ၃ နာရီခွဲက ဝက်လက်မြို့နယ်  ကျီးကန်ကျေးရွာတောင်ဘက်တွင် လမ်းဘေး၌ ရပ်တန့်ထားသော ခြောက်ဘီး မော်တော်ယာဉ်၏ နောက်ပိုင်းအား (၁၂) ဘီး မော်တော်ယာဉ်မှ ဝင်ရောက်တိုက်မိခဲ့ရာ (၁၂) ဘီး ယာဉ်မောင်းမှာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

MIU ဖူဆယ်အသင်း ထိုင်းနိုင်ငံ၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစား

အားကစား

14/06/19

၂၀၁၉ အာဆီယံ ဖူဆယ်ကလပ်ပြိုင်ပွဲအတွက် ပြင်ဆင်သည့်အနေဖြင့် ထိုင်းနိုင်ငံ၌ ကြိုတင်လေ့ကျင့်နေသည့် MIU ဖူဆယ်အသင်းသည် ပထမပွဲအဖြစ် ယနေ့မွန်းလွဲပိုင်းက ထိုင်းနာမည်ကြီးကလပ် ဘန်ကောက် BTS အသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည်။

အာဆီယံ ယူ-၁၅ ပြိုင်ပွဲ ယှဉ်ပြိုင်မည့် မြန်မာအသင်း

အားကစား

14/06/19

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ အာရှ ယူ-၁၅ အမျိုးသားပြိုင်ပွဲတွင် မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အသင်းကြီးများနှင့် တစ်အုပ်စုတည်း ကျရောက်နေသောကြောင့် ဆီမီးဖိုင်နယ်တက်ရောက်ရန် အားကုန်ထုတ် ကစားရမည်ဖြစ်သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပ

ပြည်တွင်း

14/06/19

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ပြည်တွင်း

14/06/19

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်သည် စစ်ကိုင်းတိုင်း ဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်နှင့်အတူ ဇွန် ၁၂ ရက်တွင် အမျိုးသမီး အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း (ကသာ) သို့ရောက်ရှိ စစ်ဆေးခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များတွေ့ဆုံ

ပြည်တွင်း

14/06/19

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးသည် ယနေ့နံနက်ပိုင်းက ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်နှင့် ရန်ကုန် အဝေးသင် တက္ကသိုလ်များသို့သွားရောက်ပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့များ၏ လုပ်ငန်းတာဝန်များအား ရှင်းလင်း

ပြည်တွင်း

14/06/19

ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဌ( ၁ ) ပြည်နယ်ဥပဒေချုပ်  ဦးဒီဆင်ရမ်နှင့် တနိုင်းမြို့နယ် ရပ်ကွက် ကျေးရွာအုပ်စု မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းတာဝန်ရှင်းလင်းပွဲကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။