Latest News
နောက်ဆုံးရသတင်းများ
သုတေသနနည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဆင်းပွဲ ကျင်းပ
07/06/19
ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာအင်စတီကျူ(Panna Institute) တို့ ပူးပေါင်းပြီး ဂျာမန်ဖောင်ဒေးရှင်းဖြစ်သည့် Konrad Adenauer Stifung (KAS Myanmar) ၏ ပံ့ပိုးကူညီမှုဖြင့် ပြုလုပ်သည့် သုတေသနနည်းနာနိဿယ၊ ပြည်သူ့ဆက်ဆံရေးနှင့် သတင်းအချက်အလက် စီမံခန့်ခွဲမှုဆိုင်ရာ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
ရှမ်းစော်ဘွားကြီးများ၏ ရှားပါးဝတ်ရုံပြပွဲကျင်းပမည်
07/06/19
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန၊ အမျိုးသားပြတိုက် (ရန်ကုန်)မှ စီစဉ်ကျင်းပသော “ ရှမ်းစော်ဘွားကြီး များ၏ ရှားပါးဝတ်စုံပြပွဲ (Exhibition of the Rare Traditional Costumes of the Shan SawBwas)” ကို ဇွန် ၉ ရက် မှ ၁၈ ရက်အထိ နံနက် ၉ နာရီခွဲမှ ညနေ့ ၄ နာရီခွဲအထိ အမျိုးသားပြတိုက်(ရန်ကုန်)၊ အမှတ်(၆၆/၇၄) ပြည်လမ်း၊ ဒဂုံမြို့နယ်တွင် ခင်းကျင်း ပြသထားမည်ဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု နိုင်ကြောင်းသိရသည်။
“ဖြောင့်မတ်တည်ကြည်မှု” လူငယ်စခန်း ၂၀၁၉ စခန်းသိမ်းပွဲကျင်းပ
07/06/19
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူပေါင်းဖွင့်လှစ်သော “ဖြောင့်မတ်တည်ကြည်မှု” လူငယ်စခန်း၂၀၁၉ (Youth Integrity Camp 2019) စခန်းသိမ်းပွဲ အခမ်းအနားကို ယနေ့ ညနေ ၃ နာရီ မိနစ် ၂၀ တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ် Grand Ballroom ခန်းမ၌ ကျင်းပသည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ညှိနှိုင်းအစည်းအဝေး ကျင်းပ
07/06/19
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြုကော်မတီ ညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံရေးရာ ကော်မတီဆောင် I- 20 ၌ ကျင်းပသည်။
နေပြည်တော်၌ ကျောက်မျက်ရတနာအတွဲများ၊ ကျောက်စိမ်းအတွဲများအား မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ကျင်းပမည်
07/06/19
နေပြည်တော် ၇ ဇွန်
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး အာဂျင်တီးနားနိုင်ငံတွင် ကျင်းပလျက်ရှိသော ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းသူများ ထိပ်သီးညီလာခံသို့တက်ရောက်
07/06/19
နေပြည်တော် ၇ ဇွန်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် အာဂျင်တီးနားနိုင်ငံ၊ ဗြူနိုအေးရီး(စ်)မြို့တွင် ဇွန်(၆)ရက်မှ (၈)ရက်အထိကျင်းပသော ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ မသန်စွမ်းသူများ ထိပ်သီးညီလာခံသို့ တက်ရောက်ခဲ့သည်။
Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
07/06/19
Ease of Doing Business Ranking တိုးတက်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။