Latest News
နောက်ဆုံးရသတင်းများ
လွိုင်ကော်မြို့၌ ပြည်နယ်တရားဥပဒေစိုးမိုးရေးဌာနနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ်ညှိနှိုင်းရေး အဖွဲ့ခွဲ လစဉ်ပုံမှန် အစည်းအဝေးကျင်းပ
07/06/19
ကယားပြည်နယ်၊ လွိုင်ကော်မြို့ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာလုပ်ငန်းများ ပေါင်းစပ် ညှိနှိုင်းရေးအဖွဲ့ခွဲ၏ လစဉ်ပုံမှန်အစည်းအဝေးကို ကယားပြည်နယ် ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမ၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။
ကျေးရွာထင်းစိုက်ခင်း ဥပဒေ/နည်းဥပဒေအပေါ် ခွဲခြမ်းစိတ်ဖြာမှု ရလဒ်များအား အကြံပြုဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
07/06/19
ကျေးရွာထင်းစိုက်ခင်း ဥပဒေ/နည်းဥပဒေအပေါ် ခွဲခြမ်းစိတ်ဖြာမှု ရလဒ်များအား အကြံပြု ဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ တုံဂပူရီဟိုတယ်၌ ကျင်းပသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး Ms. Tone Tinnes နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
07/06/19
နေပြည်တော် ၇ ဇွန်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး Ms. Tone Tinnes နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီး
07/06/19
ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဆရာကြီးမောင်ထင် (၁၁၁)နှစ်အကြို ဂုဏ်ပြုအထိမ်းအမှတ် စာတမ်းဖတ်ပွဲ ကျင်းပ
07/06/19
မြန်မာနိုင်ငံစာပေပြန့်ပွားရေးအသင်း (မြန်-စာ-ပြန့်)က ကြီးမှူးကျင်းပသည့် ဆရာကြီးမောင်ထင် (၁၁၁)နှစ်အကြို ဂုဏ်ပြုအထိမ်းအမှတ် စာတမ်းဖတ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်စာအုပ် ထုတ်ဝေရေး ဦးစီး ဌာနရုံးခန်းမ၌ ကျင်းပသည်။
ပင်လည်ဘူးမြို့နယ်အတွင်းမှ တရားမဝင်ကျောက်စိမ်းအရိုင်းတုံး ၂၁၁၅ ကီလိုဂရမ် ဖမ်းမိ
07/06/19
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ပင်လည်ဘူးမြို့နယ် ကန်ကုန်းကျေးရွာအနီးမှ တရားမဝင် ကျောက်စိမ်းအရိုင်းတုံးများ ဖမ်းမိခဲ့ကြောင်း သိရသည်။
မန္တလေး-သီပေါ-လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး ကျောက်မဲ ခိုမှုန်းကျေးရွာအနီး တွဲယာဉ်တိမ်းမှောက်
07/06/19
ရှမ်းပြည်နယ်(မြောက်ပိုင်း) မန္တလေး-သီပေါ-လားရှိုး-မူဆယ်ပြည်ထောင်စုလမ်းမကြီး ကျောက်မဲမြို့နယ် ခိုမှုန်းကျေးရွာအနီး မိုင်တိုင်အမှတ် (၁၀၆/၆-၅)တွင် ယနေ့နံနက် ၈ နာရီခွဲက မူဆယ်မှ မန္တလေးသို့ စက္ကူလိပ်များ တင်ဆောင်လျက် ယာဉ်မောင်း တင်မောင်အေး မောင်းနှင်သည့် တွဲယာဉ်အမတ် TLR/------ သည် အရှိန်မထိန်းနိုင်ဘဲ လမ်းညာဘက်သို့ တိမ်းမှောက်သွားသည်။
အမ်းမြို့နယ်၌ လူထုဗဟိုပြုစီမံကိန်း၊ ရေဘေးထောက်ပံ့ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် ရွာဝင် ကြိုးတံတား ဖွင့်ပွဲကျင်းပ
07/06/19
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ အမ်းမြို့နယ် အမ်းမြောက်အုပ်စု ထမင်းထုပ်ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်း၊ ရေဘေးထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ရွာဝင်ကြိုးတံတားဖွင့်ပွဲကို ယနေ့နံနက်က ကျင်းပခဲ့သည်။
အလယ်တန်းကျောင်းခွဲကျောင်းမှ အလယ်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်
07/06/19
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မက်မန်းမြို့နယ်၊ အောင်သံလွင် ကျေးရွာတွင် အခြေခံပညာအလယ်တန်းကျောင်းခွဲမှ အလယ်တန်းကျောင်းသို့ အဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီသို့ ထိုင်းနိုင်ငံသားများ ဘုရားဖူး လာရောက် လည်ပတ်လျက်ရှိ
07/06/19
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့တွင်းရှိ စေတီပုထိုးများအား ထိုင်းနိုင်ငံသားများမှ နေ့စဉ်နီးပါး ဘုရားဖူးလာရောက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြဝတီမြို့ ရွှေမြင်းဝန်စေတီတော်ကြီးအား ထိုင်းနိုင်ငံသားများ လာရောက်ဖူးမြော်လျက်ရှိကြောင်း သိရသည်။