Latest News
နောက်ဆုံးရသတင်းများ
ပေါင်မြို့နယ်တွင် ငါးမဖမ်းရနေရာနှင့် ကာလများ သတ်မှတ်ပြီး ကြီးကြပ်စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိ
03/06/19
ဂေဟစနစ်နှင့် အစာကွင်းဆက်များအဖြစ် လူသားတို့ကို အကျိုးပြုနေသော ငါးသယံဇာတများကို ထိန်းသိမ်းနိုင်ရန်အတွက် ငါးမဖမ်းရကာလများ သတ်မှတ်ထားပြီး ကြီးကြပ်စစ်ဆေးမှုများနှင့် ငါးမဖမ်းရ နေရာများသတ်မှတ်ခြင်းလုပ်ဆောင်နေကြောင်း သထုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရ
ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်ဧရိယာအတွင်း ဝင်ရောက်စိုက်ပျိုးနေထိုင်သူ ပြည်သူများနှင့်တွေ့ဆုံဆွေးနွေး
03/06/19
ပဲခူး ၃ မေ
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်ဧရိယာအတွင်း ဝင်ရောက်စိုက်ပျိုးနေထိုင်သူများနှင့် တွေ့ဆုံပွဲကို ယနေ့နံနက် ၉ နာရီက ပဲခူးမြို့နယ်၊ ဝါးမရမ်းကျေးရွာအုပ်စု၊ ရွှေကျောင်းဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
သောက်သုံးရေ ပြတ်လပ်နေသော ပုံတောင်ဒေသရှိ ကျေးရွာများသို့ သောက်သုံးရေဂါလန် ၁၀ဝ၀ဝ ကျော် လှူဒါန်း
03/06/19
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ပုံတောင်ဒေသရှိ လယ်ဓမ္မကျေးရွာ၊အုပ်စု၊ ထန်းခင်းကြီးကျေးရွာနှင့် ပေပင်ကျေးရွာ၊ စစ်ရင်ကျေးရွာအုပ်စု၊ ရေချမ်းသာကျေးရွာ၌ နွေရာသီ ရာသီဥတု ပူပြင်းမှုဒဏ်ကြောင့် သောက်သုံးရေ ပြတ်လပ်နေ၍ အခက်အခဲရှိကြောင်းဒေသခံပြည်သူများ၏ အကူအညီ တောင်းခံလာမှုအရ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်နှင့်စေတနာရှင် အလှူရှင်များ ပူးပေါင်း၍ ဇွန်၁ရက်နှင့်ဇွန် ၂ရက်က သောက်သုံးရေ ဂါလန် ၁၁၀ဝ၀ ကို လှူဒါန်းခဲ့ကြောင်း သိရ
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသ ခန့်မှန်းချက်
03/06/19
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီခွဲ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းနှင့် အရှေ့အလယ်ပိုင်းတို့ တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့်ရှိနေပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူ ထပ်နေ
ခင်ဦးမြို့နယ်၌ လက်ပစ်ဗုံးဟောင်းတစ်လုံးတွေ့ရှိ
03/06/19
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ထနောင်းကိုင်းကြီး ကျေးရွာနေ ဦးပြူး ၂၅ နှစ် သည် ဇွန် ချောင်းကမ်းပါးဘေးရှိ ယာကွက်ထဲတွင် ထယ်ထိုးနေစဉ် ဇွန် ၂ ရက်နေ့ ညနေ ၅ နာရီခွဲခန့်က လက်ပစ်ဗုံးဟောင်း တစ်လုံးတွေ့ရှိခဲ့ကြောင်း သိရ
ပူတာအိုမြို့တွင် သီးနှံအထွက်နှုန်း တိုးမြှင့်လာရေး မိုးစပါး စိုက်တောင်သူအသိပညာပေး ဟောပြောပွဲ ကျင်းပ
03/06/19
ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ မူလာရှီးဒီရပ်ကွက်တွင် တောင်သူများ စိုက်ပျိုးသီးနှံ မျိုးစုံ ခေတ်မီစိုက်ပျိုးနည်းစနစ်များ သိရှိနားလည်လာစေရန်နှင့် မျိုးကောင်းမျိုးသန့်များသုံးစွဲ၍ ဓာတုကင်းလွတ် စပါးထွက်နှုန်း တိုးတက်မြင့်မားလာစေရန်အတွက် ပူတာအိုခရိုင်စိုက်ပျိုးရေးဦးစီးဌာနက ကျင်းပသော မိုးစပါးစိုက်ပျိုးကာလ တောင်သူ အသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ခရစ်တော်၏ အသင်းတော်(မူရင်း) ဘုရားကျောင်းဝတ်ပြုဆောင်၌ ကျင်းပ
ရွှေကူမြို့နယ်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀ဝ၀ ကျော်နှင့် ဘိန်းဖြူ ၈၈၂ ဂရမ် ဖမ်းဆီးရမိ
03/06/19
ကချင်ပြည်နယ် ဗန်းမော်ရိုင် ရွှေကူမြို့နယ် ဆိပ်သာကျေးရွာအုပ်စု ညောင်ကုန်းကျေးရွာအနီး ဗန်းမော်- မန္တလေး ကားလမ်းမကြီးပေါ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀ဝ၀ ကျော်နှင့် ဘိန်းဖြူ ၈၈၂ ဂရမ်ကို ဇွန် ၂ ရက် ညနေ ၅ နာရီခွဲက ဖမ်းဆီးရမိကြောင်း သိရ
လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်၊ အိမ်ပြိုမိသားစုများနှင့်ဘုန်းတော်ကြီးကျောင်းအားထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်
03/06/19
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း မေ ၃၀ ရက်က လေပြင်း တိုက်ခတ်မှုကြောင့် နေအိမ်ပြိုခြင်းနှင့် အမိုးလန်ခြင်းများ ဖြစ်ပေါ်ကာ ပျက်စီးခဲ့သည့်အတွက် တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့
အခြေခံပညာကျောင်းများအား ပြင်ပသုံးအားကစားပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်း အနားကျင်းပ
03/06/19
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ အထက(၁)ရွေညီလာခန်းမတွင် အခြေခံပညာကျောင်း များအား ပြင်ပသုံးအားကစားပစ္စည်း(Outdoor Fitness) များ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို ဇွန်လ ၁ ရက် နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်းသိရ