Latest News

နောက်ဆုံးရသတင်းများ

MFF Open Cup ဖူဆယ်ပြိုင်ပွဲတွင် MIU၊ VUC၊ ရွှေမြဝတီနှင့် GV Athletic အသင်းတို့ ဆီမီးဖိုင်နယ် တက်ရောက်

အားကစား

01/06/19

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် ၂၀၁၉ MFF Open Cup ဖူဆယ်ပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှစ၍ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပရာ လက်ရှိချန်ပီယံ MIU၊ VUC၊ ရွှေမြဝတီနှင့် GV Athletic အသင်းတို့ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။

ခရီးသည်ယာဉ်တစ်စီး ကားအင်ဂျင်အပူလွန်ကဲ၍ ရပ်နားထားစဉ် မီးလောင်ကျွမ်းမှုဖြစ်ပွား

မှုခင်း

01/06/19

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငရုတ်ကောင်း- ငရုတ်ကောင်းတောင်ကားလမ်း မိုင်တိုင် အမှတ်(၁၄) မိုင် ၂ ဖာလုံနှင့် ၁၄ မိုင် ၃ ဖာလုံကြားတွင် ယနေ့ နံနက်ပိုင်းက ယူနီဗာဆယ်ခရီးသည်ယာဉ်တစ်စီး ကားအင်ဂျင်အပူလွန်ကဲ၍ ရပ်နားထားစဉ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ငါ့သရောက်မြို့မှ ပုန်းရည်ကြီးချက်လုပ်သည့် ပဲပိစပ်ဈေးနှုန်း နှစ်ဆခန့်မြင့်တက်သော်လည်း လုပ်ငန်းများ လည်ပတ်လုပ်ကိုင်လျက်ရှိ

ပြည်တွင်း

01/06/19

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ငါ့သရောက်မြို့သည် ပုန်းရည်ကျိုချက်လုပ်ငန်းအား အဓိကလုပ်ကိုင်ကြပြီး ပုန်းရည်ချိုချက်ရာတွင် အသုံးပြုသည့် ပဲပိစပ်ဈေးနှုန်း မနှစ်ကထက် ထက်ဝက်ခန့်မြင့်တက်လာကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြနှစ်ဦးခန့်အပ်

အားကစား

01/06/19

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းအတွက် လက်ထောက်နည်းပြနှစ်ဦး ခန့်အပ်ခဲ့သည်။

နမ္မချီကျောက်မျက်ဒေသ မိုးရာသီလုပ်ငန်းရပ်နားချိန် အလုပ်သမားများနေရပ်သို့ပြန်

ပြည်တွင်း

01/06/19

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နမ္မချီကျောက်မျက်ဒေသတွင် ရာသီချိန်လုပ်ငန်းများ ခေတ္တရပ်နားသဖြင့် အလုပ်သမားများနေရပ်သို့ အသီးသီး ပြန်လည်ထွက်ခွာလျက်ရှိကြောင်း သိရသည်။

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း၊ ဆိုလာအသေးစား ဓာတ်အားစနစ် မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲကျင်းပ

ပြည်တွင်း

01/06/19

အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်း၊ ဆိုလာအသေးစား ဓာတ်အားစနစ် မီးလင်းရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် အရှေ့ကုန်း ကျေးရွာအုပ်စု၊ စည်ပင်ကျေးရွာ၌ ကျင်းပသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်း နိုင်ငံ့ဝန်ထမ်း ပြန်တမ်းဝင်အရာရှိအဆင့် ဝင်ပေါက်ရာထူးများအတွက် ပဏာမစစ်ဆေးခြင်း ကျင်းပဖြေဆိုမှု လှည့်လည်ကြည့်ရှု အားပေး

ပြည်တွင်း

01/06/19

ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ အ.ထ.က(၄)အလုံ၊ အ.ထ.က(၁)လသာ၊ အ.ထ.က(၂) လသာစာဖြေဌာနများသို့ သွားရောက်၍ ပြန်တမ်းဝင်အရာရှိအဆင့် ဝင်ပေါက်ရာထူးနေရာအတွက် ပဏာမစစ်ဆေးခြင်း အင်္ဂလိပ်စာဘာသာရပ်နှင့် သုတရေးရာဘာသာရပ်ဖြေဆိုမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး စာမေးပွဲဖြေဆိုသူများကို အားပေးစကား ပြောကြားသည်။

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို နေပြည်တော်ရှိ ဝန်ထမ်းအိမ်ရာများအား ကြည့်ရှုစစ်ဆေး

ပြည်တွင်း

01/06/19

နေပြည်တော် ၁ ဇွန်

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်နှင့် သုခသိဒ္ဓိရပ်ကွက်ရှိ စက်မှုဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများနေထိုင်သည့် အိမ်ရာများနှင့် အဆောင်များသို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

 

အင်းတော်၊ မြိတ်၊ ကျိုင်းတုံမြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 

မှုခင်း

01/06/19

အင်းတော်မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၃၁ ရက် ည ၁၀ နာရီ ၁၅ မိနစ်က အင်းတော်မြို့နယ်၊ နဘားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ချစ်စန်းမောင် မောင်းနှင်လာသည့် TOYOTA TOYOACE အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၆ ဒသမ ၇၁ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံးနှင့် ငွေကျပ် ၂၁ သိန်း တို့ကိုသိမ်းဆည်းရမိခဲ့သည်။      

အဖတ်များဆုံး သတင်း