Latest News

နောက်ဆုံးရသတင်းများ

အမျိုးသားအဆင့် ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးမှု မဟာဗျူဟာ လက်တွေ့အကောင်အထည်ဖော်မှု လုပ်ငန်းစီမံကိန်း ရေးဆွဲချမှတ်ရေး အလှူရှင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ပြည်တွင်း

01/06/19

နေပြည်တော် ၁ ဇွန်

အမျိုးသားအဆင့် ဆေးနှင့်ဆေးပစ္စည်း ဝယ်ယူဖြန့်ဖြူးမှု မဟာဗျူဟာ လက်တွေ့အကောင်အထည်ဖော်မှု လုပ်ငန်းစီမံကိန်းရေးဆွဲချမှတ်ရေး အလှူရှင်အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

Myanmar Robo League ပြိုင်ပွဲ(၂၀၁၉ ) အခမ်းအနားကျင်းပ

ပြည်တွင်း

01/06/19

ပညာရေးဝန်ကြီးဌာန၊ ပါမောက္ခချုပ်များကော်မတီ၊ USAID နှင့် ဖန်တီးရာ Makerspace တို့ပူးပေါင်းကျင်းပသည့် Myanmar Robo League ပြိုင်ပွဲ (၂၀၁၉)ကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူမိုးလုံလေလုံ(လက်ဝှေ့) အားကစားရုံ၌ ကျင်းပသည်။

မောင်တောမြို့နယ်၌ အမျိုးသား ၅ ဦး ရွှေထည်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

မှုခင်း

01/06/19

မောင်တောမြို့နယ်၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၂ ဦးနှင့် အမျိုးသား ၃ ဦးတို့အား ယမန်နေ့ မွန်းလွဲပိုင်းက ရွှေထည်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ အထည်ချုပ်စက်ရုံဝန်ထမ်းများအား လက်တွေ့မီးငြိမ်းသတ် နည်းစနစ်များပြသ

ပြည်တွင်း

01/06/19

ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်း မီးလောင်မှုမဖြစ်ပွားစေရေး၊ ပြည်သူလူထုမီးဘေးလုံခြုံရေးနှင့် အသိပညာပြန်ပွားရေးတို့ကို ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းကာဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့ နံနက်ပိုင်းက တူးချောင်းကျေးရွာအုပ်စု၊ မြစိမ်းရောင်စက်မှုဇုန်၊ မင်းသားလေးအထည်ချုပ်စက်ရုံရှိ ဝန်ထမ်းများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့မီးငြိမ်းသတ် နည်းစနစ်များပြသပေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

အမျိုးသမီးလိဂ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ မြဝတီနှင့် YREO အသင်း အနိုင်ရ

အားကစား

01/06/19

၂၀၁၈-၂၀၁၉ ရာသီ အမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၁၃)ပထမနေ့ကို ယနေ့ညနေပိုင်းက ဆက်လက်ကျင်းပရာ လက်ရှိချန်ပီယံ မြဝတီနှင့် YREO အသင်း အနိုင်ရခဲ့သည်။

ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့် အခမဲ့နယ်လှည့်ဆေးကုရေးအဖွဲ့ စစ်တွေမြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ အခမဲ့ဆေးကုသ

ပြည်တွင်း

01/06/19

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်  အမျိုးသားကျန်းမာရေးကွန်ရက်(အခမဲ့)  နယ်လှည့်ဆေးကုရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သည့်အဖွဲ့သည် ယနေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် စစ်တွေမြို့သို့ ရောက်ရှိကြပြီး စစ်တွေမြို့ အထွေထွေ ရောဂါကုဆေးရုံကြီး (ခုတင် - ၅၀ဝ) ၌ မွန်းတည့် ၁၂ နာရီမှ ညနေ ၄ နာရီအထိ အခမဲ့ ဆေးကုသမှုများ ဆောင်ရွက်ပေးကြသည်။ 

ကမ္ဘာ့အဆင့်စက်ရုပ်ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည်

ပြည်တွင်း

01/06/19

ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ အောက်တိုဘာတွင် ကျင်းပမည့် ကမ္ဘာ့အဆင့် စက်ရုပ်ပြိုင်ပွဲဖြစ်သည့် First Global Robotics Challenge ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူအားကစားရုံ၌ ကျင်းပသည့် ပထမဆုံးအကြိမ် စက်ရုပ်ပြိုင်ပွဲကြီးမှ သိရသည်။ 

အဖတ်များဆုံး သတင်း