Latest News

နောက်ဆုံးရသတင်းများ

မန္တလေးမြို့တွင် ကမ္ဘာ့အကြီးဆုံးစာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲကျင်းပ

ပြည်တွင်း

30/05/19

ကမ္ဘာ့အကြီးဆုံးစာအုပ်ဈေးရောင်းပွဲတော် ဖွင့်ပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလေးကွန်ဗင်းရှင်း စင်တာတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

ဓနုဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာတစ်ချို့လေပြင်းတိုက်ခက်မှုကြောင့် နေအိမ်များပျက်စီး

ပြည်တွင်း

30/05/19

ဓနုဖြူမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာတစ်ချို့ မေ ၂၉ ရက်နေ့က လေပြင်းတိုက်ခက်မှုကြောင့်နေအိမ် (၁၇)လုံး အမိုးလန် ပြိုကျပျက်စီးခဲ့သည်။

ပွင့်ဖြူ မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူဦးရေပေါင်း ၆၃၀ ဦးအား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ၃၈၃၀ ဒသမ ၅၀ သိန်း ထုတ်ချေးဆောင်ရွက်ပြီးစီးသွားပြီဖြစ် 

ပြည်တွင်း

30/05/19

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၁၉ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေများကို မြို့နယ်အတွင်းရှိ တောင်သူများ မိုးသီးနှံ အဆင်ပြေစွာ ...........

မင်းလှမြို့နယ် ဥယျာဉ်ကျေးရွာ၌ ရွာတွင်း လမ်းကွန်ကရစ်ခင်းခြင်း ၅၀ ရာခိုင်နှုန်းပြီးစီး

ပြည်တွင်း

30/05/19

မင်းလှ   ၃၀ မေ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်း ဥယျာဉ်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာနက မြစိမ်းရောင်စီမံကိန်း အတိုးရငွေဖြင့်ရွာတွင်း လမ်းကွန်ကရစ်ခင်းခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၅၀ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

နှစ်နိုင်ငံပိုင် မယ်ဆိုင်ချောင်း မတိမ်ကောရေးနှင့် ရေစီးရေလာကောင်းမွန်ရေး မြန်မာ-ထိုင်းပူးပေါင်းဆောင်ရွက်

ပြည်တွင်း

30/05/19

မြန်မာ-ထိုင်းနှစ်နိုင်ငံပိုင် မယ်ဆိုင်ချောင်း ရေစီးရေလာကောင်းမွန်စေရေးအတွက် တာချီလိတ်မြို့ဘက်ခြမ်း ရေချောင်းအတွင်း ယန္တယားများဖြင့် တူးဖော်မှုလုပ်ငန်းများကို မေ ၃၀ ရက်နံနက်ပိုင်းက နှစ်နိုင်ငံ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျောင်းနေရန်အခက်အခဲရှိသည့် ကျောင်းသား ကျောင်းသူ ၂၆၅ ဦးအား ဗလာစာအုပ်နှင့် ခဲတံများ ထောက်ပံ့

ပြည်တွင်း

30/05/19

မိုးညှင်းမြို့နယ်လုံးကျွတ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းရှိ အောင်ဆန်းခန်းမ၌ ကျင်းပရာ

ကလောမြို့နယ်၌  မီးလောင်မှုဖြစ်ပွား နှစ်ဦးသေဆုံး လေးဦးဒဏ်ရာရ

မှုခင်း

30/05/19

ရှမ်းပြည်နယ်(တောင်ပိုင်း)တောင်ကြီးခရိုင် ကလောမြို့အမတ်(၅)ရပ်ကွက်ရှိ နတ်စင်လမ်းတွင် မေလ ၂၉ ရက်နေ့ည ၇ နာရီ မိနစ် ၂၀ ခန့်တွင် ဒေါ်စန်းစန်းဝင်း နေအိမ်၌  မီးလောင်မှုဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိကြောင်း သိရသည်။

တပ်မတော်ခန်းမ၌  High Life Expo (2019) အရောင်းပြခန်းဖွင့်လှစ်

ပြည်တွင်း

30/05/19

ဒဂုံ    ၃၀    မေ

High Life   Expo (2019) အရောင်းပြခန်းဖွင့်လှစ်မှုကို   Creation  Strength ကုမ္ပဏီမှ ကြီးမှူး၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ တပ်မတော်ခန်းမ၌ ကုမ္ပဏီ(၆၀)ကျော်တို့မှ ဆိုင်ခန်းပေါင်း(၁၂၀)တို့ဖြင့် ယနေ့  နံနက် ၉နာရီက စတင်ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း  သိရသည်။

 

ကနီမြို့နယ်၌ ဘက်စုံပိုးမွှားရောဂါ ကာကွယ်ရေးနှင့် မျိုးကောင်းမျိုးသန့် ပြောင်းလဲသုံးစွဲရေး ပညာပေးဆွေးနွေး

ပြည်တွင်း

30/05/19

ဘက်စုံပိုးမွှားရောဂါကာကွယ်ရေးနှင့် မျိုးကောင်းမျိုးသန့် ပြောင်းလဲသုံးစွဲရေး တောင်သူပညာပေး ဆွေးနွေးပွဲကို မေ ၂၉ ရက်က စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ကင်းကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်၌ သောက်သုံးရေဖူလုံစွာရရှိရေး မြေသားရေလှောင်ကန်တူးဖော်

ပြည်တွင်း

30/05/19

စစ်ကိုင်းတိုင်းဒေသကြီး ကျွန်းလှမြို့နယ် တောင်ယာဆိပ်ကျေးရွာအုပ်စု၌ သောက်သုံးရေဖူလုံစွာရရှိရေး မြေသားရေလှောင်ကန် တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။