Latest News

နောက်ဆုံးရသတင်းများ

ကန်ကြီးထောင့်မြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် အပူဒဏ်လျှော့ချနိုင်ရေးအတွက် ပျိုးပင်ပေါင်း ၂၇ဝဝဝ စုပေါင်းစိုက်ပျိုးမည်

ပြည်တွင်း

30/05/19

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးနှင့် အပူဒဏ်လျှော့ချနိုင်ရေးအတွက် ပျိုးပင်ပေါင်း ၂၇၀ဝ၀ စုပေါင်းစိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်

မိုးလေဝသ

30/05/19

နေပြည်တော် ၃၀ မေ

မိုးလေဝသနှင့်ဗလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ချက်အရ  ယမန်နေ့ညနေက တိုင်းထွာရရှိခဲ့သော တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အမြင့်ဆုံးအပူချိန်၊ ယနေ့တိုင်းထွာရရှိခဲ့သော အနိမ့်ဆုံးအပူချိန်နှင့် မိုးရေချိန်တို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

MDN

 

လုပ်ငန်းခွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ် လုပ်ငန်းစဉ်ဖြေလျော့မှု စမ်းသပ်ခြင်း စီမံကိန်းကို ပြည်ကြီးတံခွန်မြို့နယ်တွင် စတင်ဆောင်ရွက်

ပြည်တွင်း

30/05/19

လုပ်ငန်းခွင် ထိခိုက်မှု အကျိုးခံစားခွင့် အာမခံစနစ် လုပ်ငန်းစဉ်ဖြေလျော့မှု စမ်းသပ်ခြင်း စီမံကိန်းကို မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့ထံမှ သိရသည်။

ကမ္ဘာ့နိုင်ငံများအထိ ဖြန့်ဖြူးသွားမယ့် UMG မော်တော်ဆိုင်ကယ် အသစ်သုံးမျိုးစတင်မိတ်ဆက်

ပြည်တွင်း

30/05/19

ကမ္ဘာ့နိုင်ငံများအထိ ဖြန့်ဖြူးသွားမယ့် UMG မော်တော်ဆိုင်ကယ် အသစ်သုံးမျိုးကို ယနေ့ မန္တလေးမြို့တွင် စတင်မိတ်ဆက်ခဲ့သည်။

မော်တော်ဆိုင်ကယ်ဖြင့် မြန်မာကနေ ကမ္ဘာပတ်မည့် မြန်မာနိုင်ငံသား နှစ်ဦးမန္တလေးမြို့သို့ ရောက်ရှိ

ပြည်တွင်း

30/05/19

မြန်မာနိုင်ငံမှ ဥရောပနိုင်ငံများသို့ မော်တော်ဆိုင်ကယ်ဖြင့် ကမ္ဘာပတ်မည့် မြန်မာနိုင်ငံသား နှစ်ဦးဖြစ်သော ကိုအောင်ကျော်ဝင်း နှင့် ကိုစိုင်းဇွန်ဖတို့သည် မေလ ၃၀ ရက်က မန္တလေးမြို့သို့ ရောက်ရှိခဲ့သည်။

ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေ

မိုးလေဝသ

30/05/19

နေပြည်တော်  ၃ဝ မေ

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့်မှ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ နံနက် ၇ နာရီထုတ်ပြန်ချက်အရ သိရသည်။