Latest News
နောက်ဆုံးရသတင်းများ
မြစ်အတွင်း ပိုက်ဖော်ပိုက်သိမ်းနေစဉ် မိုးကြိုးထိမှန်သောကြောင့် လူတစ်ဦးသေဆုံး
23/05/19
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့ ဘဝသစ်ကျေးရွာအုပ်စု ထွန်းအောင်ချောင်းပိုက်တဲတန်း ရေလုပ်သား အစုအဖွဲ့ဖြင့် ပိုက်ထောင်နေသူ နှစ်ဦး မိုးကြိုးပစ်ခံရကြောင်း သိရသည်။
အခြေခံပညာအဆင့် အမျိုးသားပညာရည် စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒ(မူကြမ်း)ဆွေးနွေးပွဲနှင့် အခြေခံပညာအထက်တန်းဆင့်ပြီးမြောက်ကြောင်းလက်မှတ်ပေးအပ်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ
23/05/19
အခြေခံပညာအဆင့်အမျိုးသားပညာရည်စစ်ဆေးအကဲဖြတ်ခြင်းမူဝါဒ(မူကြမ်း)ဆွေးနွေးပွဲနှင့် အခြေခံပညာအထက်တန်းဆင့်ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ရန်အတွက် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော် ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး Mr. Filippo Grandi အား လက်ခံတွေ့ဆုံ
23/05/19
နေပြည်တော် ၂၃ မေ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Filippo Grandi ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယနေ့ ညနေ (၃) နာရီ (၁၅)မိနစ်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမပွဲစဉ် မော်လမြိုင်တွင် စတင်ကျင်းပ
23/05/19
မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့် မြန်မာပီဂျီအေတို့မှ ကြီးမှူး၍ Myanmar Zwe Mann Co.,Ltd မှ အဓိကကူညီပံ့ပိုးမှုဖြင့် ပြုလုပ်သည့် ၂၀၁၉ မြန်မာပြည်တွင်းပတ်လည်ဂေါက်သီးရိုက်ပြိုင်ပွဲ ပထမပွဲစဉ် (မော်လမြိုင်) ပထမနေ့နှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ရှိ ရွှေနတ်တောင် ဂေါက်ကွင်း၌ ကျင်းပခဲ့သည်။
ဒီးမော့ဆို၊ ဖောင်းပြင်၊ တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
23/05/19
မူးယစ်တပ်ဖွဲ့စု(၂၀)လွိုင်ကော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၂ ရက် မွန်းလွဲ ၁နာရီက ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆို-တောင်ငူသွားကားလမ်းတွင် ကာမေး မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,ဝ၀ဝ သိမ်းဆည်း ရမိခဲ့သည်။
ဒီးမော့ဆို၊ ဖောင်းပြင်၊ တာချီလိတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
23/05/19
နေပြည်တော် ၂၃ မေ
မူးယစ်တပ်ဖွဲ့စု(၂၀)လွိုင်ကော်မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၂ ရက် မွန်းလွဲ ၁နာရီက ဒီးမော့ဆိုမြို့နယ်၊ ဒီးမော့ဆို-တောင်ငူသွားကားလမ်းတွင် ကားမောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,ဝ၀ဝ သိမ်းဆည်း ရမိခဲ့သည်။
၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း တိုင်းဒေသကြီး/ပြည်နယ်အလိုက် အခြေခံပညာကျောင်းများအား ကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခွင့်ပြု
23/05/19
နေပြည်တော် ၂၃ မေ
ပညာရေးဝန်ကြီးဌာနသည် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ်အလိုက် အခြေခံပညာကျောင်းများအား ကျောင်းအဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်သည်။
ဒါရိုက်တာစတီး(ဒွေးမေတ္တာ)ရိုက်ကူးသော အပေးအယူ ရုပ်ရှင်ဇာတ်ကား နေပြည်တော်တွင် လေးရက်မြောက်နေ့အဖြစ် ဆက်လက်ရိုက်ကူး
23/05/19
နေပြည်တော် ၂၃ မေ
ကိုလင်းထွန်း စီစဉ်ပြီး ရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာစတီး (ဒွေးမေတ္တာ) ရိုက်ကူးသော "အပေးအယူ" ရုပ်ရှင် ဇာတ်ကား၏ ဇာတ်ဝင်ခန်းသုံးပုံတစ်ပုံကို နေပြည်တော်တွင် မေ ၂၀ ရက်မှ စတင်ကာ ရိုက်ကူးလျက်ရှိရာ ယနေ့ လေးရက် မြောက်ရိုက်ကူးရေးကို မင်္ဂလာသီရိဟိုတယ်နှင့် ဟိုတယ်ဇုန်လမ်းမကြီးပေါ်တွင် ဆက်လက်ရိုက်ကူးလျက်ရှိသည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး
23/05/19
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (United Nations High Commissioner for Refugees- UNHCR) တို့အကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးရုံးအစည်းအဝေး ခန်းမ၌ ကျင်းပသည်။